ကံမမြို့နယ်၌ ကိုယ်တိုင်စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်ရောင်းဝယ်သူများမှ တန်ဖိုးသင့်တိုက်ရိုက်အရောင်းဆိုင် ဖွင့်လှစ်ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကံမမြို့နယ်၌ ကိုယ်တိုင်စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်ရောင်းဝယ်သူများမှ တန်ဖိုးသင့်တိုက်ရိုက်အရောင်းဆိုင် ဖွင့်လှစ်ရောင်းချ



MNP ၊  ဩဂုတ်  ၂၁

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကံမမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်၍ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ကိုယ်တိုင်စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်ရောင်းဝယ်သူများမှ တန်ဖိုးသင့်တိုက်ရိုက်အရောင်းဆိုင်ကို ဩဂုတ်(၂၀)ရက် နံနက်(၆)နာရီခွဲက အမှတ်(၂)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရှံးရှေ့ မြေကွက်လပ်၌ သက်သာသောဈေးနှုန်းများဖြင့်  ဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်း သိရသည်။ 


ထိုသို့ဖွင့်လှစ်ရောင်းချရာတွင် အသား/ငါး(၁၀)ဆိုင်၊ ဟင်းသီးဟင်းရွက်(၉)ဆိုင်၊ ကုန်စိမ်း(၂)ဆိုင်တို့မှ အမဲသား(၁)ပိဿာလျှင် (၁၃၀၀ဝ)ကျပ်၊ ဝက်သား(၁)ပိဿာလျှင် (၁၃၀၀ဝ)ကျပ်၊ ကြက်သား (၁)ပိဿာ(၁၂ဝဝဝ) ကျပ်၊ ကြက်ဥ (၁)လုံး ၂၅၀ ကျပ်၊ ဘဲဥ (၁)လုံး ၂၉၀ ကျပ်၊ ငါးကြင်း(သေး) (၁) ပိသာလျှင် (၇၀၀ဝ)ကျပ်၊ ငါးကြင်း(ကြီး)(၁) ပိဿာလျှင်(၁၂၀၀၀)ကျပ်နှုန်းတို့ဖြင့် ဈေးနှုန်း ချိသာစွာ အသီးသီးရောင်းချပေးခဲ့ကြပြီး အဆိုပါဖွင့်လှစ်ရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အဆိုပါဖွင့်လှစ်ရောင်းချပေးသည့် တန်ဖိုးသင့်တိုက်ရိုက်အရောင်းဆိုင်ကို အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ကျော်ဇေယျဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)