မိုင်းရယ်မြို့နယ် ဟိုတိကျေးရွာအုပ်စုတွင် တောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)များ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရယ်မြို့နယ် ဟိုတိကျေးရွာအုပ်စုတွင် တောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)များ ပေးအပ်

 




MNP ၊  ဩဂုတ်  ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ဟိုတိကျေးရွာအုပ်စုရှိ တောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့် ပြုလက်မှတ်ပုံစံ(၇) ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀နာရီက ဟိုတိကျေးရွာအုပ်စု၊ နမ့်လန်းဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သည်။


အခမ်းအနားတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဉက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က တောင်သူများပုံစံ(၇) လျှောက်ထားခြင်း နှင့်ပတ်သက်၍လည်းကောင်း၊ ပုံစံ(၇)ရရှိပါက ရရှိနိုင်မည့်အခွင့်အလမ်းများနှင့် အရေးကြီးပုံကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး တောင်သူ များ လယ်ယာမြေလုပ်ပိုင်ခွင့်ခိုင်မာမှုရှိစေရန်အတွက် လျှောက်ထားရန်ကျန်ရှိသည့် လယ်ယာမြေများကိုလည်း တရားဝင်လျှောက်ထားနိုင်ရေး တို့ကို တိုက်တွန်းပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်က ပြည်သူလူထုများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုပုံစံ လက်မှတ်ပုံစံ(၇)ထုတ်ပေးခြင်းနှင့်ပတ်သက်၍ လယ်ယာမြေဉပဒေ၊ နည်းဉပဒေများ၊ အခွင့်အရေးများ၊ စည်းကမ်းများနှင့် အရေးယူခြင်းဆိုင်ရာများကို မြန်မာ၊ရှမ်းနှစ်ဘာသာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားခဲ့သည်။


ယင်းနောက် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဉက္ကဌ၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေး မှူးနှင့် အဖွဲ့ဝင်များက ဟိုတိကျေးရွာအုပ်စုအပါအဝင် ရပ်ကွက်တစ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄)အုပ်စုမှ တောင်သူ(၆၃)ဦး၊ ဦးပိုင်ပေါင်း(၁၀၇)ဦး၊ လယ်ယာမြေဧရိယာ စုစုပေါင်း(၆၄၉ ဒသမ ၁၇) ဧကအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)များကို တောင်သူများ လက်ဝယ်ထံသို့ ထုတ်ပေးခဲ့သည်။


မိုင်းရယ်မြို့နယ်တွင် ယနေ့အထိ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များကို ကျေးရွာအုပ်စု၂၁ အုပ်စု၊ ဦးပိုင်ပေါင်း ၅၃၁၄ ဦး၊ လယ်ယာ မြေဧရိယာ ၁၆၁၆၅ ဒသမ ၁၂ ဧက ထုတ်ပေးပြီးဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။


မိုင်းရယ် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)