ဝါဆိုလပြည့်နေ့ ( ဓမ္မစကြာနေ့ ) တွင်ပေါင်မြို့နယ် ၌ ဝါဆိုသင်္ကန်းကပ်သူများ ဘုရားဖူးသူများ စည်ကားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝါဆိုလပြည့်နေ့ ( ဓမ္မစကြာနေ့ ) တွင်ပေါင်မြို့နယ် ၌ ဝါဆိုသင်္ကန်းကပ်သူများ ဘုရားဖူးသူများ စည်ကားလျက်ရှိ






MNP ၊ သြဂုတ်  ၁

ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဝါလပြည့်နေ့ ( ဓမ္မစကြာနေ့)  ဩဂုတ်လ (၁) ရက်နေ့တွင်  မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဝါဆိုသင်္ကန်းကပ်သူများ ဘုရားဖူးသူများ ၊ ရပ်ဝေး၊ရပ်နီးမှ ခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


ဝါဆိုလပြည့်နေ့ ရောက်တိုင်း မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင်  ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပူဇော်ခြင်း၊ လူငယ်များကလည်း အများပြည်သူသွားလာရာနေရာများတွင် မွန်ရိုးရာဝတ်စုံများ ဝတ်ဆင်၍ ဝါဆိုပန်းများ အမွှေနံ့သာများ ဆပ်ကပ်လှူဒါန်းနိုင်ရန် ကုသိုလ်ကောင်းမှုများပြုလုပ်ခြင်း၊နေရာအများစုတွင် ဒေသခံပြည်သူများမှလည်း မွန်ရိုးရာအစားအသောက်များဖြင့်ဘုရားဖူးလာသည့်ဧည့်သည်များအား စေတနာထက်သန်စွာဖြင့်  စတုဒိသာ၊

များဖြင့် ကျွေးမွေးလျက်ရှိကြောင်းသိရသည်။


ထို့ပြင် ပေါင်မြို့နယ်အတွင်းရှိ ကျောက်သင်္ဘောဘုရား၊ ဇင်းကျိုက်ရေတံခွန်နှင့်ဆင်ရွာ ရေတံခွန် တို့တွင်လည်း ရပ်ဝေးရပ်နီးမှ ဧည့်သည်တော်များက ဘုရားဖူးပြီးအပြန် ရေကစားကြသူများဖြင့်စည်ကားကြလျက်ရှိကြောင်းသိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)