ပုဏ္ဏားကျွန်းမြို့၌ ဝါဆိုလပြည့်(ဓမ္မစကြာ)အခါတော်နေ့တွင် ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီလဆောက်တည်သူများဖြင့်စည်းကား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ ဝါဆိုလပြည့်(ဓမ္မစကြာ)အခါတော်နေ့တွင် ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီလဆောက်တည်သူများဖြင့်စည်းကား





MNP ၊ သြဂုတ်  ၁

     ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆို လပြည့်(ဓမ္မစကြာ)နေ့တွင် ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီးနှင့်ဘုန်းတော်ကြီးကျောင်း တိုက်အသီးသီး၌ ဥပုသ်သီလဆောက် တည်ခြင်း၊ အလှူဒါနပြုလုပ်ခြင်း၊ တရားဘဝါနာများ ကျင့်ကြံအားထုတ်သူများဖြင့်စည်ကားလျက်ရှိသည်။


   ယနေ့ ဝါဆိုလပြည့် ဓမ္မစကြာနေ့သည် ဗုဒ္ဒဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် အတွက် ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးနေထိုင်တော်မူသော ဆရာတော်ကြီးတို့ ထံမှ ရှစ်ပါးသီလကို ခံယူဆောက် တည်ကြပြီး၊ ဓမ္မစကြာ တရားဦးတရားမြတ်တို့ကို နာယူလျက် ရဟန်း၊ သံဃာတော်အရှင်သူမြတ်တို့အား စေတနာရှင်ပြည်သူများက ဝါဆို သင်္ကန်းဆက်ကပ် လှူဒါန်းခြင်း၊ နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေခဲ့ကြသည်။


  အလားတူ ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီးတွင်လည်း အနယ်နယ်အရပ်ရပ်တို့ က ဘုရားဖူးခရီးသည်များလာရောက်ဖူးမျှော်ကြည်ညိုကြပြီး၊ ဆွမ်း၊ ဆီမီး၊ ရေချမ်း၊ ပန်း  ဆက်ကပ်လှူဒါန်းခြင်းနှင့်ဒါနကုသိုလ်ပြုလုပ်သူများဖြင့်စည်းကားလျက်ရှိကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)