ရသေ့တောင်မြို့၌ ဝါဆိုလပြည့် (ဓမ္မစကြာ)နေ့တွင် ဘုန်းတော်ကြီးကျောင်းများ၌ ပြည်သူများ ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး အေးချမ်းစွာ ဥပုဒ်သီလ ဆောက်တည်လျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ ဝါဆိုလပြည့် (ဓမ္မစကြာ)နေ့တွင် ဘုန်းတော်ကြီးကျောင်းများ၌ ပြည်သူများ ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး အေးချမ်းစွာ ဥပုဒ်သီလ ဆောက်တည်လျှက်ရှိ




MNP ၊ သြဂုတ်  ၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ဝါဆိုလပြည့်  (ဓမ္မစကြာ)နေ့တွင် ပြည်သူများသည် မိမိတို့၏ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံး နေထိုင်တော်မူကြသော ဆရာတော်ကြီးများထံမှ ငါးပါးသီလများ၊ နိဗ္ဗန်ရောက်ကြောင်းတရားတော်များ၊  အဆုံးအမသြဝါဒများကို   ခံယူဆောက်တည်တော်မူကြပြီး ရဟန်း၊  သံဃာတော်များအား  ဝါဆိုသင်္ကန်းများကို ဆက်ကပ်လှူဒါန်းကာ အေးချမ်းစွာ ဥပုဒ်သီလ ဆောက်တည်လျှက် ရှိကြောင်း သိရှိရသည်။


ထို့နောက် တောင်ရင်းတန်းရပ်ကွက်ရှိ စည်ကားတောင် တောင်ပေါ်တွင်လည်းဗုဒ္ဓ ဘုရားရှင်အားရည်မှန်း၍ ဆွမ်း၊ပန်း၊ရေချမ်း၊ကပ်လှူပူဇော်ခြင်း၊ဆီမီး၊အမွှေးတိုင်များ ထွန်းညှိပူဇော်ခြင်း စသည့်ကောင်းမှုကုသိုလ်ပြုသူများ ဖြင့်အထူးစည်ကားလျက်ရှိပြီး မွန်းလွဲပိုင်းတွင် အဆိုပါကျောင်းတိုက်မှ တကာမများကဓမ္မစကြာရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)