ဖားကန့်မြို့နယ် မနမှော်တွင် မြေပြိုကျမှုကြောင့် ရေမျောနစ်မြုပ်သူများအနက် သေဆုံးရုပ်အလောင်း ၃၂ လောင်းအထိ ရှာဖွေတွေ့ရှိထား - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖားကန့်မြို့နယ် မနမှော်တွင် မြေပြိုကျမှုကြောင့် ရေမျောနစ်မြုပ်သူများအနက် သေဆုံးရုပ်အလောင်း ၃၂ လောင်းအထိ ရှာဖွေတွေ့ရှိထား





MNP ၊  ဩဂုတ်  ၁၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်၊ မန‌မှော်ရှိ မျိုးနွယ်ကုမ္ပဏီလုပ်ကွက် ကျင်းဟောင်းရေကန်တွင် မြေပြိုကျခဲ့မှုကြောင့် ရေကန်အတွင်း ရေမျောနစ်မြုပ်ပျောက်‌ဆုံးနေသော ရေမဆေးကျောက်ရှာဖွေသူများအနက် ယနေ့ မွန်းတည့် ၁၂ နာရီအထိ သေဆုံးရုပ်အလောင်း ၇ လောင်း ထပ်မံတွေ့ရှိခဲ့ရာ စုစုပေါင်း ၃၂ လောင်းအထိ ဆယ်ယူထားပြီဖြစ်ကြောင်း သိရသည်။


ထိုသို့ ရေကန်အတွင်း ရှာဖွေရာတွင် အေးမြသာယာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် လူမှုကူညီရေးအသင်းမှ အဖွဲ့ ၁၂ ဖွဲ့တို့သည် ဖိုက်ဘာလှေ သုံးစီး၊ လေထိုးလှေသုံးစီးတို့ဖြင့် မြေပြိုကျသည့် ကုမ္ပဏီလုပ်ကွက်ဟောင်းရေကန်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁၅ ရက်က သေဆုံးသူရုပ်အလောင်း ၂၅ လောင်း‌တွေ့ရှိပြီး ယနေ့နံနက်မှ မွန်းတည့် ၁၂ နာရီအထိ သေဆုံးရုပ်အလောင်း ၇ လောင်း ထပ်မံတွေ့ရှိသဖြင့် စုစုပေါင်း ၃၂ လောင်းအား ရှာဖွေဆယ်ယူထားနိုင်ခဲ့ကြောင်းနှင့် ရှာဖွေရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ မြေပြိုကျမှုသည် ဩဂုတ်လ ၁၃ ရက်၊ ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ရေကန်အတွင်း မျောပါနစ်မြုပ်သွားခဲ့သော ရေမဆေးကျောက်ရှာသူများအနက် မြေပြိုကျမှုအပြီး ကယ်ဆယ်ထားနိုင်သည့် ဒဏ်ရာရရှိသူ(၇)ဦးအား ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)