ရပ်ကျေးအုပ်ချုပ်ရေးမှူး လုပ်နေသော NLD ထောက်ခံသူတစ်ဦးကို PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်သတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရပ်ကျေးအုပ်ချုပ်ရေးမှူး လုပ်နေသော NLD ထောက်ခံသူတစ်ဦးကို PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်သတ်


MNP ၊ သြဂုတ် ၁၇

ပေါက်ခေါင်းမြို့နယ်၊ အင်ငါးခွကျေးရွာအုပ်စု၊ တာကောက်ကျေးရွာနေ ဦးဇော်လင်းအောင်၊၅၁ နှစ်၊ (ဘ)ဦးကြည်၊ ဗမာ/ဗုဒ္ဓ၊ကျေးရွာအုပ်ချုပ်ရေးမှူးကို ယမန်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် PDFအကြမ်းဖက်သမားများက လက်နက်ငယ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွာကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ဦးဇော်လင်းအောင် တွင် လက်နက်ငယ် ကျည် ခါးဖောက်ဝင် ၁ ချက်၊ ဆီးခုံ ဖောက်ဝင် ၁ ချက်၊ ဘယ်ပေါင်ဖောက်ဝင် ၁ ချက်၊ ညာပေါင်ဖောက်ဝင် ၁ ချက်ဒဏ်ရာဖြင့် နေရာတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဦးဇော်လင်းအောင်သည် ၎င်း၏ အိမ်ရှေ့တွင် သမက်ဖြစ်သူ မောင်ကျော်ကိုကိုထက်၊ တစ်ရွာတည်းနေ မောင်နီတွတ်၊ မောင်ဇော်ဇော်အောင် တို့နှင့်အတူ ပိုက်ကျော်ခြင်းခတ်နေစဉ် ဆိုင်ကယ် ၂ စီးဖြင့် PDF အကြမ်းဖက်သမား ၃ ဦးသည် နေအိမ်ရှေ့သို့ ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ဦးဇော်လင်းအောင်ကို ၄ ချက်ခန့် ပစ်ခတ်၍ ပြည် - ပေါက်ခေါင်းကားလမ်းအတိုင်း ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ဦးဇော်လင်းအောင်မှာ အုပ်ချုပ်ရေးမှူးတာဝန်ကို ၂၀၀၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့မှ စတင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး NLD ထောက်ခံသူတစ်ဦးဖြစ်ကြောင်း၊ ၎င်းအား အုပ်ချုပ်ရေးမှူးတာဝန်မှ နှုတ်ထွက်ရန် ဖိအားပေးခံရသူ တစ်ဦးဖြစ်ပြီး ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် လုံခြုံရေးဆောင်ရွက်ရာတွင်ပါဝင်ခြင်းကြောင့် NUG အကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ PDF အကြမ်းဖက်သမားများက ယခုလို လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်ကြောင်း သိရသည်။

NLD အစွန်းရောက်များ ဖွဲ့စည်းထားသည့် NUG, PDF အကြမ်းဖက်အဖွဲ့ဝင်များမှာ ဒီမိုကရေစီအရည်ခြုံ၍ အခြားပါတီဝင်များကို ပစ်မှတ်ထား သတ်ဖြတ်ရုံမျှမက အကြမ်းဖက်လှုပ်ရှားမှုတွင် ပါဝင်ခြင်း မရှိသော NLD ထောက်ခံအားပေးခဲ့သူများကိုပင် လိုက်လံလုပ်ကြံသတ်ဖြတ်လျက်ရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)