လင်းခေးတွင် တပ်နယ်မှူးဒိုင်း မိုးရာသီဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လင်းခေးတွင် တပ်နယ်မှူးဒိုင်း မိုးရာသီဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ



MNP ၊  ဩဂုတ်  ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့တွင် ယမန်နေ့မွန်းလွဲ (၃)နာရီက တပ်နယ်မှူး ဒိုင်းမိုးရာသီဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို မြို့နယ်ပြည်ငြိမ်းအေးအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ပြိုင်ပွဲဝင်အား ကစားသမားများနှင့် ဘင်ခရာတပ်ဖွဲ့ ကျောင်းသားကျောင်းသူ များက နိုင်ငံတော်အလံအလေးပြုခြင်း၊ တပ်နယ်မှူးအား ချီတက်အလေးပြုခြင်းတို့ကို ဦးစွာဆောင်ရွက်ခဲ့ကြသည်။


ဆက်လက်၍ တပ်နယ်(လင်းခေး)မှ တပ်နယ်မှူးဗိုလ်မှူးကြီး သန့်ထင်စိုးက ပြိုင်ပွဲကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး တပ်နယ်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းတို့က ပြိုင်ပွဲဝင်အသင်းများနှင့် လင်းခေးမြို့ အခြေခံပညာအထက်တန်း ကျောင်းအတွက် အားကစားပစ္စည်းများ လှူဒါန်းပေးခြင်း၊ ဘင် ခရာတပ်ဖွဲ့ ကျောင်းသား/ကျောင်းသူများအတွက် ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ပေးခြင်းတို့ ဆောင် ရွက်ခဲ့ကြပြီးနောက် ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ယင်းနောက် တပ်နယ်မှူး၊တပ် နယ်တပ်ရင်းများမှတပ်ရင်းမှူးများနှင့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ဖွင့်ပွဲနေ့၌ ယှဥ်ပြိုင်ကစားကြမည့် အသင်းနှစ်သင်းမှ အားကစားသမားများအား လှည့်လည် နှုတ်ဆက်ခြင်း၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူကလေးများက ပန်းစည်းဆက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ပြိုင်ပွဲကို စတင်ခဲ့ပါသည်။


ဖွင့်ပွဲပွဲစဥ်အဖြစ် ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံအသင်းနှင့် အမတ (၃၆၁)ခလရ(၁၃၂) ညွန့်ပေါင်းအသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ကြရာ၊ ဝန်ထမ်းပေါင်းစုံအသင်းက ညွန့်ပေါင်းအသင်းအား (၇)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း အဆိုပါ ပြိုင်ပွဲအား ပြိုင်ပွဲဝင်အသင်း(၆)သင်းဖြင့် သြဂုတ် ၁၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)