MNP ၊ ဩဂုတ် ၁၁
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ရေလမ်းကြောင်းဖြင့်သွားလာနေကြသည့် ခရီးသွားပြည်သူများအား (Life Jackets)အသက်ကယ်အင်္ကျီများ စနစ်တကျဝတ်ဆင်တတ်စေရေး အသိပညာပေးခြင်းအား ယနေ့ နေ့လယ်၁၂နာရီခွဲက မာန်အောင်မြို့ကို အခြေပြုပြေးဆွဲနေသည့် အလောင်းဘုရားသင်္ဘောနှင့်ရွှေဝတီသိဏ်းမော်တော်ယာဉ်ပေါ်၌ ဆောင်ရွက်ကြ သည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များ၊မြို့နယ် မီးသတ်ဦးစီးမှူးဦးထိန်လင်းနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊မြို့နယ်စည်ပင် တာဝန်ရှိသူများကခရီးသွားပြည်သူများနှင့် ရေယာဥ်လုပ်သားများအားယခုအချိန်ခါ မိုးရာသီကာလ၌ မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ခြင်း၊ မြစ်ရေကြီးခြင်း၊ တောင်ကျချောင်းရေများ အရှိန်ပြင်းစွာစီးဆင်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း၊ အဆိုပါ သဘာဝဘေး အန္တရာယ်များကြောင့် ရေယာဉ်များမတော်တဆထိခိုက်မှုများ ဖြစ်ပေါ်နိုင်ကြောင်းနှင့် ခရီးသွားပြည် သူများအနေဖြင့်ခရီးသွားလာရာတွင် လုံခြုံစိတ်ချစွာ သွားလာနိုင်ရန်အတွက် အသက်ကယ်အင်္ကျီများ ဝတ်ဆင်သွားလာကြရန်အသိပညာပေးဟောပြောကြပြီး အသက်ကယ်အင်္ကျီဝတ်ဆင်ပုံများကို ပြသခဲ့ကြကြောင်းသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost



No comments:
Post a Comment