MNP ၊ ဩဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန ပံသုကျီခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပခဲ့သည်။
ရှေးဦးစွာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စာကြည့်တိုက်မှူး ဒေါ်စန္ဒာဝင်း က အသိပညာပေး လုပ်ငန်းများ နှင့် စာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး အ.ထ.ကပုသိမ်ကြီးမှ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စာကြည့်တိုက်မှူးဒေါ်စန္ဒာဝင်းနှင့်ဝန်ထမ်းများ၊ အ.ထ.က ပုသိမ်ကြီးမှ အလယ်ပြဆရာမဒေါ်သဲအေးသန့်စင်နှင့် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးတို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment