ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဗလမင်းထင် ဧက ၁၀၀ စံပြစိုက်ကွက်အတွင်းရှိ အင်ဂျန်းခချောင်း(ပင်မမြောင်း)အတွင်း ငါးသားပေါက်ကောင်ရေ (၂) သိန်းစိုက်ထည့်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဗလမင်းထင် ဧက ၁၀၀ စံပြစိုက်ကွက်အတွင်းရှိ အင်ဂျန်းခချောင်း(ပင်မမြောင်း)အတွင်း ငါးသားပေါက်ကောင်ရေ (၂) သိန်းစိုက်ထည့်ပေး


MNP ၊  ဩဂုတ်   ၁၆

ကချင်ပြည်နယ်အတွင်း ငါးစားသုံးမှုဖူလုံစေရေး၊ ငါးထုတ်လုပ်မှု တိုးတက်မြှင့်မားလာစေရေးနှင့် မိုးစပါးစိုက်တောင်သူများ အကျိုးဖြစ်ထွန်းစေရေး ရည်ရွယ်၍ မြစ်ကြီးနားမြို့ ဗလမင်းထင် ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း ပြည်နယ်ရန်ပုံငွေဖြင့် အရှည်ပေ ၁၀၀၀၀ ကျော် တူးဖော်ဆောင်ရွက်ပေးခဲ့သော အင်ဂျန်းခချောင်း(ပင်မမြောင်း)အတွင်း ငါးသားပေါက်များ စိုက်ထည့်ခြင်းနှင့် လုပ်ကွက်ငယ် ငါးမွေးတောင်သူများထံ ငါးသားပေါက်များနှင့် ငါးအစာအိတ်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါစံပြစိုက်ကွက်၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ လုပ်ကွက်ငယ် ငါးမွေးတောင်သူများအား၊ ဧက ၁၀၀ စံပြစိုက်ကွက်မှ ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ပင်မမြောင်းအတွင်း ငါးသားပေါက်များ စိုက်ထည့်ပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် စိုက်ပျိုးမွေးမြူရေးတောင်သူများဘဝ တိုးတက်မြှင့်မားလာစေရေး ပံ့ပိုးကူညီဆောင်ရွက် ပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားကာ လုပ်ကွက်ငယ်ငါးမွေး တောင်သူများထံ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ  ၂၀၀၀ နှင့် ငါးအစာအိတ် (၆)အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ငါးလုပ်ငန်းဦးစီဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောအောင်ရဲထွဋ်လွင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့်အတူ ငါးမြစ်ချင်း ငါးသားပေါက်ကောင် ၂ သိန်းကို အဆိုပါ အင်ဂျန်းခချောင်း (ပင်မမြောင်း)တစ်လျှောက် တပ်ကုန်းကွင်းအတွင်းနှင့် မန်ခိန်ကွင်းအတွင်းတို့တွင်လည်းကောင်း၊ ကျောက်စိမ်းလမ်းနေရာ၌လည်းကောင်း၊ ဒူဝါဇော်ရစ်လမ်းနေရာ၌လည်းကောင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)