MNP ၊ ဩဂုတ် ၁၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသောကြောင့် သစ်ပင်ကြီးများ အများအပြားရှင်သန်ပေါက်ရောက်လျက်ရှိရာ သစ်ပင်ကြီးများပေါ်တွင် ပျားအုံဖွဲ့၍ စွဲကပ်လျက်ရှိကြောင်း သိရသည်။ ဒေသခံများက အဆိုပါ ပျားအုံများမှ သဘာ၀ပျားရည်ကို ဖွတ်ယူကာ ပျားရည်ဝယ်ယူသိုလှောင်သူ ပွဲစားများထံသို့ ရောင်းချခြင်းဖြင့် မိသားစု အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သဘာ၀ပျားရည်များသည် ဆေးဘက်ဝင်ခြင်း၊ ကျန်းမာရေးအတွက် ဘက်စုံအကျိုးပြုတဲ့ ဆေးဝါးအနေဖြင့်သာမက အစားအသောက်နှင့် မုန့်များပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုခြင်းဖြင့် အာဟာရဓာတ်ကြွယ်၀ပြီး အရသာရှိခြင်းတို့ကြောင့် ဒေသခံပြည်သူများ နှစ်ခြိုက်စွာ ဝယ်ယူစားသုံးကြရာ ပျားရည်တစ်ပုလင်းကို (၅၀၀ဝိ/-)ကျပ် ရောင်းရ ကြောင်း သိရသည်။
ပျားဖွတ်ရာတွင် ပျားကိုက်ခြင်းသက်သာစေရန် ရေနံဆီသုတ်လိမ်းထားသော မီးတုတ်များ အသုံးပြု၍လည်းကောင်း၊ ပျားအုံများအောက်တွင် မီးမွှေး၍ မီးခိုးကျပ်တိုက်ခြင်း ဖြင့်လည်းကောင်း၊ ပျားများကိုမောင်းထုတ်ပြီး ပျားသလက်များကို ဖွတ်ယူရကြောင်း၊ ရရှိလာသော ပျားသလက်များမှ ပျားရည်များကို ထုတ်ယူရရှိကြောင်း ပျားဖွတ်သူတစ်ဦးထံမှ သိရသည်။
ခင်လေးနွယ်
https://t.me/MyanmarNationalPost

No comments:
Post a Comment