မိုင်းယောင်းမြို့နယ်တွင် စားသုံးသူပြည်သူများ ဈေးနှုန်းမှန်ကန်စွာ ဝယ်ယူစားသုံးနိုင်ရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်းမြို့နယ်တွင် စားသုံးသူပြည်သူများ ဈေးနှုန်းမှန်ကန်စွာ ဝယ်ယူစားသုံးနိုင်ရေး ကွင်းဆင်းစစ်ဆေး




MNP ၊  ဩဂုတ်  ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဝက်သား၊ အမဲသားများကို စားသုံးသူပြည်သူများ ဈေးနှုန်းမှန်ကန်စွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့မဈေးအတွင်း ဝက်သားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ၊ မရှိကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးဝီလျံနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။


ထိုသို့ စစ်ဆေးရာတွင် ဝက်သား(အသားကောင်း)တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀၀၊ သုံးထပ်သား/အရိုး/အဆီအခေါက် တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀၀၊ ဝမ်းတွင်းသား တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀၀ ဈေးနှင့် အမဲသား(အသားကောင်း) တစ်ပိဿာလျှင် ငွေကျပ် ၁၈၀၀၀၊ အသား/အရိုး တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀၀၊ ဝမ်းတွင်းသား တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀၀ ဖြင့် ရောင်းချရန်၊ အသားအရောင်းဆိုင်များတွင် ချိတ်ဆွဲထားသော ဗီနိုင်းဆိုင်းဘုတ်ရှိ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် အသားဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ၊ မရှိနှင့် သန့်ရှင်းလတ်ဆတ်ခြင်း၊ အလေးချိန်ခွင် အခြင်အတွယ်မှန်ကန်ခြင်း ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး မီးဘေးအန္တရာယ်၊ သန့်ရှင်းရေး၊ ကျန်းမာရေး စသည့် ဈေးစည်းကမ်းများကို အလေးထားလိုက်နာဆောင်ရွက်ကြရန် ဈေးသူ၊ ဈေးသားများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။


စိုင်းအောင်ဇော်လင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)