မချမ်းဘော၌ အရွယ်မရောက်သေးသူ ကလေးသူငယ်များစစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး အသိပညာပေး နံရံကပ်စာစောင်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မချမ်းဘော၌ အရွယ်မရောက်သေးသူ ကလေးသူငယ်များစစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး အသိပညာပေး နံရံကပ်စာစောင်ပြသ


MNP ၊  ဩဂုတ်  ၁၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး ဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်နှင့် ကျန်းမာရေးဆိုင်ရာအသိပညာများ သိရှိကာကွယ်နိုင်ရန် ရည်ရွယ်၍ အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် ကျန်းမာရေးအသိပညာပေး နံရံကပ်စာစောင်များကို ယမန်နေ့နံနက် ၉ နာရီက ပြည်သူ့စာကြည့်တိုက်ရှေ့ မြေစိုက်နံရံကပ်ပြဘုတ်၌ပြသခဲ့ကြောင်း သိရသည်။


အဆိုပါမြေစိုက်နံရံကပ်ပြဘုတ်တွင် အသက် ၁၈ နှစ်မပြည့်သေးသော ကလေးသူငယ်များအတွက် စစ်ထွက်တိုက်ခိုင်းမလား ကျောင်းတက်ခိုင်းမလား ဘာကိုရွေးချယ်ပေးမှာလဲ စာသားပါမှတ်တမ်းဓာတ်ပုံများ၊ အသက် ၁၈ နှစ်မပြည့်သေးသော ကလေးသူငယ်များအား တပ်မတော်မှလက်မခံပါ မှတ်တမ်းဓာတ်ပုံများ၊ ကမ္ဘာပေါ်က မည့်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ ကလေးစစ်သားအသုံးမပြုရ၊ ကလေးစစ်သားအသုံးပြုခြင်းကို တားမြစ်သည့် နိုင်ငံတကာသဘောတူညီချက်များနှင့် အသက် ၁၈ နှစ်အောက်ကလေးသူငယ်များကို စစ်မှုထမ်းအဖြစ်က နှုတ်ထွက်ခွင့်ပြုပြီး ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးနှင့် လူမှုဘဝပြန်လည်ပေါင်းစပ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးရေး အကြံပြုတိုက်တွန်းချက်များနှင့် ငှက်ဖျားရောဂါကာကွယ်ရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ် အသိပညာပေးဆိုင်ရာများ သွေးတိုးရောဂါကာကွယ်ရေး အသိပညာပေးဆိုင်ရာများကို အများပြည်သူလေ့လာကြည့်ရှုနိုင်ရန် စိတ်ဝင်စားဖွယ် ပြသထားကြောင်း သိရသည်။


ယောရွှေနီ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)