ကြာအင်းဆိပ်ကြီးမြို့၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားပြီး လူဦးရေ(၈၆၈)ဦး ရေဘေးရှောင်စခန်းသို့ ပြောင်းရွှေ့နေထိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြာအင်းဆိပ်ကြီးမြို့၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားပြီး လူဦးရေ(၈၆၈)ဦး ရေဘေးရှောင်စခန်းသို့ ပြောင်းရွှေ့နေထိုင်






MNP ၊  ဩဂုတ်  ၁၁

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဇူလိုင်လ နောက်ဆုံးအပတ်မှ စတင်ပြီး နေ့စဉ် အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် တောင်ကျရေများ စီးဆင်းခြင်း ချောင်းလက်တက်များမှ ရေများ ဇမိမြစ်အတွင်းသို့ ဝင်ရောက်စီးဆင်း၍ ဇမိမြစ် ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိရာ ၎င်းမြစ်ရေများမှာ မြေနိမ့်ပိုင်းရှိ လူနေအိမ်ခြံဝန်းအတွင်းသို့ ဝင်ရောက်ပြီး အိမ်ခြေစုစုပေါင်း (၁၉၅)အိမ်ခြေ ရေကြီးနစ်မြုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဇမိမြစ်ရေလျှံခြင်းကြောင့် ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ အမှတ်(၆)ရပ်ကွက်၌ အိမ်ခြေ (၁၇၈) လုံး၊ အိမ်ထောင်စု(၁၇၈)စု၊ လူဦးရေ(၇၈၄)ဦး၊ အမှတ်(၂)ရပ်ကွက်၌ အိမ်ခြေ ပိမ်ထောင်စု(၁၂)စု၊ လူဦးရေ(၆၇)ဦး၊ အမှတ်(၄)ရပ်ကွက်တွင် အိမ်ခြေအိမ်ထောင်စု(၅)စု၊ လူဦးရေ(၁၇)ဦး စုစုပေါင်းရေဘေးရှောင် အိမ်ထောင်စု(၁၉၅)စု၊ လူဦးရေ(၈၆၈)ဦးရှိပြီး ရေဘေးရှောင်ပြည်သူများမှာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီမံကြီးကြပ်ဆောင်ရွက်မှုဖြင့် ယာယီဖွင့်လှစ်ထားသည့် အမှတ်(၆)ရပ်ကွက်၊ ကျွန်းတောလမ်းရှိ Cyclone Shelter နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတို့၌ ယာယီရေဘေးရှောင် ကယ်ဆယ်ရေးစခန်းနှစ်ခုတွင် ပြောင်းရွေ့နေထိုင်လျက်ရှိကြောင်း သိရသည်။


အဆိုယာယီရေဘေးရှောင်ပြည်သူများ နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့မှ (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့ပေးအပ်ခဲ့ပြီး စေတနာရှင် မိဘပြည်သူများမှ ရေဘေးရှောင်ပြည်သူများအား ထမင်းဗူးများနှင့် ရေသန့်ဗူးများအား သွားရောက်ဝေငှ လှူဒါန်းပေးလျက်ရှိပြီး ကြာအင်းဆိပ်ကြီးမြို့ ဇမိမြစ်၏ စိုးရိမ်ရေအမှတ်မှာ (၃၈)ပေဖြစ်ပြီး စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် (၇)ပေခန့် ကျန်ရှိနေသေးကြောင်း သိရသည်။


မျိုးမင်းဦး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)