ပေါက်တောမြို့မှ ခရီးသည်များပို့ဆောင်သည့် ရွှေပြည်တန်အမြန်ရေယာဥ်အား အန္တရာယ်ကင်းရှင်းစေရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့မှ ခရီးသည်များပို့ဆောင်သည့် ရွှေပြည်တန်အမြန်ရေယာဥ်အား အန္တရာယ်ကင်းရှင်းစေရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ ကွင်းဆင်းစစ်ဆေး




MNP ၊  ဩဂုတ်  ၁၁

ရခိုင်ပြည်နယ် ေပါက်တောမြို့မှ စစ်တွေမြို့သို့ ခရီးသည်များ ပို့ဆောင်သည့် ရွှေပြည်တန်အမြန်ရေယာဥ်ဖြင့် ခရီးသွားလာကြသည့် ပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် ပေါက်တောမြို့ရှိ ရွှေပြည်တန်အ​မြန်ရေယာဥ် ဆိပ်ကမ်း ဖောင်တော်မှ ထွက်ခွာမည့် ခရီးသည်တင် ရွှေပြည်တန်အမြန်ရေယာဥ်အား ကြံ့ခိုင်မှုအပါအဝင်စည်းကမ်းချက်များ ညီညွတ်မှု ရှိ၊မရှိ ပေါက်တောမြို့နယ် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးကြသည်။


  ပေါက်တောမြို့ မှ စစ်တွေမြို့သို့ ခရီးသည်များ ပို့ဆောင်သည့် ရွှေပြည်တန်အမြန်ရေယာဥ်၏ ကြံ့ခိုင်မှုအခြေအနေနှင့် ရေယာဥ်ပေါ်တွင် သတ်မှတ်ခရီးသည် ဦးရေးနှင့်အညီ အသက်ကယ်အကင်္ျီများ လုံးလောက်စွာပါဝင်ခြင်း ရှိ၊မရှိ ပေါက်တောမြို့၌ ရွှေပြည်တန်အမြန်ရေယာဥ် ညအိပ်ရပ်နားခြင်း ရှိ၊မရှိ စသည့်တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေး နှင့် ​ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က စစ်ဆေးခဲ့ကြသည်။


ထို့ပြင် ခရီးသွားပြည်သူများအား အသက်ကယ်အင်္ကျီ စနစ်တကျဝတ်ဆင်တတ်စေရေး အသိပညာပေးဟောပြောကြပြီး အသက်ကယ်အင်္ကျီဝတ်ဆင်ပုံများကို ပြသကြသည်။



ဝင်းမင်းစိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)