မိုင်းကိုင်မြို့နယ်၊ အ.လ.က(ပန်ကတ်)၌ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းကိုင်မြို့နယ်၊ အ.လ.က(ပန်ကတ်)၌ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကွင်းဆင်းဆောင်ရွက်






MNP ၊  ဩဂုတ်  ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရန်အတွက် ရည် ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်း၍   ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့် တိုက်လှုပ် ရှားမှုများကို ယမန်နေ့ နေ့လည်ပိုင်းက  အမှတ်(၅)ရပ်ကွက်ရှိ  အခြေခံပညာအလယ်တန်း ကျောင်း(ပန်ကတ်)သို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


ကွင်းဆင်းမှုတွင်  မြို့နယ်ဥပဒေအရာရှိ  ဦးငြိမ်းချမ်းထက် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦး တို့က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်းအရာများ ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်စီမံကိန်း အကောင်အထည်ဖော်မှုနှင့် အသိပညာပေးအကြောင်းအရာများ စသည့်ခေါင်းစဉ်များဖြင့် ဟောပြောဆွေးနွေးရာ  တက်ရောက်လာကြသည့်ကျောင်းသားကျောင်းသူများက  မိမိတို့သိရှိလို သည်များကို ပြန်လည်မေးမြန်းဆွေး နွေးခဲ့ကြသည်။


ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းတစ်ရပ်အဖြစ် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ  ဒုတိယဦးစီးမှူး  ဒေါ်နန်းအေးအေးသိန်းက  စာဖတ်ခြင်း၏အကျိုးကျေး ဇူးများကို  ဆွေးနွေးဟောပြောပြီး တက်ရောက်လာကြသည့်  ကျောင်းသားကျောင်းသူများအား  သုတ/ရတစာပေများနှင့် ကလေးစာပေများကို  ငှားရမ်းပေးခြင်းများ  ဆောင်ရွက်ကာအသိပညာ ပေးကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


ချော

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)