MNP ၊ ဩဂုတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ၊ယွန်းတန်းရပ်ကွက်၊ ချမ်းသာကြီးဘုရားဓမ္မာရုံတွင် ယမန်နေ့ နံနက်ပိုင်းက ရွှေတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ၂၀၂၃-ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်လုပ်ငန်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ရပ်ကွက်အတွင်းရှိ နို့တိုက်မိခင်များအား အာဟာရပစ္စည်းများနှင့်ဗီတာမင်ဆေးဝါးများပေးဝေခြင်း၊အသက် ( ၅) နှစ်အောက် ကလေးများအား သက်တမ်းအလိုက် ဗီတာမင်အေနှင့် သံချဆေးများတိုက်ကျွေးခြင်း၊ကျန်းမာရေးအသိပညာပေးခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့နှင့်အတူ ပူးပေါင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost


No comments:
Post a Comment