ရွှေတောင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ





MNP ၊  ဩဂုတ်  ၁၁

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင် ၊ရွှေတောင်မြို့နယ် ၊တောင်လုံးညိုကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊စားသုံးသူ​ရေးရာဦးစီးဌာန ၊အားကစား နှင့် ကာယပညာဦးစီးဌာန ၊တိုင်းရင်း​​ဆေးကုဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်း သန့်က လူငယ် ရေးရာ အသိပညာပေး ဟောပြောပွဲများ ကျင်းပရသည့် ရည်ရွယ်ချက်များနှင့် ကျောင်းသား/ကျောင်းသူများအား လူငယ်နှင့် စာဖတ်ခြင်း ၊လူကုန်ကူးမှုတားဆီးရေး၊မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်ဆင့်က စားသုံးသူနှင့်ပတ်သက်သော ကုန်အညွှန်းအမှတ်အသားများနှင့် ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဒေါ်ခင်နုနုဖြိုးက အားကစား ပြုလုပ်ခြင်း၏ အကျိုး ကျေးဇူးများ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီးကျောင်းသား၊ကျောင်းသူလေးများကို မြန်မာ့သိုင်း အားကစားလေ့ကျင့်ခန်းများ သရုပ်ပြပြုလုပ်ခြင်းနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်က တိုင်းရင်းဆေးဝါး အမျိုးအစားများနှင့်ရောဂါအကြောင်း ဆောင်ရန် ရှောင်ရန် အချက်များကိုပညာပေးဟောပြောခဲ့ကြသည်။


ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင်က ရုပ်ပုံပါစာအုပ်ဖြင့် ပုံပြင်ဖတ်ပြပြီး ကျောင်းသား၊ကျောင်းသူလေးများကို စာအုပ်များဖတ်‌ေစခြင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ် စာစောင်၊ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်များအား ပြသရာ ကျောင်းသား၊ ကျောင်းသူ(၁၀၉)ဦး မှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)