မော်လမြိုင်ကျွန်းမြို့တွင်စားသုံးဆီအရောင်းဆိုင်များကို တူညီသောဈေးနှုန်းဖြင့်သက်သာစွာရောင်းချပေးနိုင်ရေး ဆောင်ရွက်မည်ဟု ဆီလုပ်ငန်းရှင်အတွင်း ရေးမှူးပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့တွင်စားသုံးဆီအရောင်းဆိုင်များကို တူညီသောဈေးနှုန်းဖြင့်သက်သာစွာရောင်းချပေးနိုင်ရေး ဆောင်ရွက်မည်ဟု ဆီလုပ်ငန်းရှင်အတွင်း ရေးမှူးပြောကြား





MNP ၊  ဩဂုတ်  ၂၅

  ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့တွင် စားသုံးဆီအရောင်းဆိုင်များကို တူညီသောဈေးနှုန်းဖြင့် ပြည်သူများအားသက်သာစွာရောင်းချပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ဩဂုတ်၂၄ရက်နေ့က သိရသည်။


  ထိုသို့ဆောင်ရွက်ရခြင်းမှာ ပြည်သူများအနေ့ဖြင့် စားသုံးဆီများသက်သာသောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်ရန် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏အစီအစဉ်ဖြင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကသက်သာသော ရည်ညွန်းဈေးဖြင့်ရပ်ကွက်များအလိုက်အပတ်စဉ်ရောင်းချပေးလျက်ရှိသည်။ဩဂုတ်လ၂၁ရက်နေ့မှ၂၅ရက်နေ့အထိ ရည်ညွန်းဈေးဖြင့်ရောင်းချလိုသော ဆီကုန်ချိန်မှာနည်းပြီ ဝယ်လိုသောပြည်သူအရေအတွက်မှာများပြားလှသည်။ ပြည်သူများသည်စားသုံးဆီများကို သက်သာသောရည်ညွန်းဈေးဖြင့်ဝယ်ယူစားသုံးနိုင်ရန် မြို့ပေါ်ရပ်ကွက်သာမက ကျေးရွာနေပြည်သူများပါလာရောက်၍မိုးသည်းထန်စွာရွာနေခြင်းအားဂရုမပြုနိုင်ပဲတန်စီကာဝယ်ယူနေသောလူဦးရေ နှစ်ထောင်ကျော်မှသုံးထောင်ကျော်ပြည်သူများကို ပြည့်စုံစွာရောင်းချပေးနိုင်ရေးအတွက် မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များကတိုင်ပင်ဆွေးနွေးကာ မိမိတို့အရောင်းဆိုင်များမှစားသုံးဆီများကိုရည်ညွန်းဈေးဖြင့်ရောင်း ချပေးခဲ့ကြသည်။ 


  ဆက်လက်၍ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ဆီဆိုင်(၉)ဦးသည် ပြည်သူများအားစားသုံးဆီများကိုဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရန်ဆီတစ်ပိဿာလျှင်၅၈၀၀ဈေးဖြင့် အလှည့်ကျရောင်းချပေးသွားမည်ဖြစ်‌ကြောင်းနှင့် ရပ်ကွက်အတွင်းစားသုံးဆီအ‌ရောင်းဆိုင်များကိုလည်း တစ်နေ့ထက်တစ်နေ့စားသုံးဆီများဈေးနှုန်းသက်သာစွာရောင်းချပေးနိုင်ရန်ဆက်လက်ဆောင်ရွက်သွားမည်ဟု မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏အတွင်းရေးမှူဦးကျော်လင်းပိုင် ကရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost












No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)