အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏ အခန်းကဏ္ဍစကားဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏ အခန်းကဏ္ဍစကားဝိုင်း ကျင်းပ


MNP ၊ ဩဂုတ် ၂၃

အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏ အခန်းကဏ္ဍစကားဝိုင်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

စကားဝိုင်းသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်ဦးဝင်းတည်၊ ကော်မရှင်ရုံး၊ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများတက်ရောက်ကြသည်။

စကားဝိုင်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်က အဂတိလိုက်စားမှုကို ဆန့်ကျင်တိုက်ဖျက်လိုသည့် လူမှုအဖွဲ့အစည်းဖြစ်တည်လာစေရန် လူငယ်ကဏ္ဍအသိပညာပေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်များအနေဖြင့် ကောင်းမွန်သောလူမှုတန်ဖိုးများကို အလေးထားရန်၊ အများအကျိုးသယ်ပိုးဆောင်ရွက်တတ်စေရန်၊ ဥပဒေစည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာတတ်စေရန်၊ အကောင်း/အဆိုး ခွဲခြားသိမြင်တတ်စေရန်၊ မှန်ကန်သည့် အတွေးအခေါ်များဖြင့် လူ့အဖွဲ့အစည်းကိုဦးဆောင်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ကျင်းပသည့် လူငယ်စကားဝိုင်းမှရရှိလာသည့်အသိအမြင် ဗဟုသုတများအား မိမိပတ်ဝန်းကျင်ကို မျှဝေပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ဇမ္ဗူသီရိမြို့နယ် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြပြီး Speaker များ အဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား ကျောင်းသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

ထို့ပြင် မော်လမြိုင်မြို့ အမှတ် (၇) အခြေခံပညာ အလယ်တန်းကျောင်း၌လည်း ကော်မရှင်ရုံးခွဲ (မော်လမြိုင်)မှ အရာထမ်းများက မူလတန်းအဆင့် ကျောင်းသားကျောင်းသူများကို ကော်မရှင်မှ ထုတ်ဝေ ဖြန့်ချိခဲ့သည့် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးအစီအစဉ် (ဆရာကိုင်)စာအုပ်များမှ သင်ခန်းစာများနှင့် ပညာပေး (Edutainment) အစီအစဉ်ပါ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)