လူကုန်ကူးမှု၊ ကလေးသူငယ်အခွင့်အရေး၊ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူကုန်ကူးမှု၊ ကလေးသူငယ်အခွင့်အရေး၊ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောပွဲ ကျင်းပ



MNP ၊  ဩဂုတ်  ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၊ ပတ္တမြားခန်းမတွင် လူကုန်ကူးမှု၊ ကလေးသူငယ်အခွင့်အရေးများ၊ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀:၀၀)နာရီက ကျင်းပခဲ့သည်။


အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဒဂုံမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခန့်သွင်က အဖွင့်အမှာစကား ပြောကြားသည်။  ထိုသို့အမှာစကား ပြောကြားရာတွင် လူကုန်ကူးမှုသည် ဆင်းရဲနွမ်းပါးမှု၊ အလုပ်အကိုင်ရှားပါးမှု၊ ခွဲခြားဆက်ဆံမှုတို့သည် လူကုန်ကူးမှုကို တွန်းအားပေးလျက်ရှိပါကြောင်း၊ လူကုန်ကူးမှုခံရသူ အများစုသည် ကလေးသူငယ်များနှင့် အမျိုးသမီးငယ်လေးများကို ပစ်မှတ်ထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ လူကုန်ကူးခံရသူများအနေဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ ထိခိုက်မှုရှိသဖြင့် လူကုန်ကူးမှုကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုပါကြောင်းပြောကြားပါသည်။


ထို့အပြင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ပတ်သတ်၍ ကလေးသူငယ်တိုင်း အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှုရရှိရေးနှင့် လူမှုအဖွဲ့အစည်းတွင် ပါဝင်ဆက်ခံခွင့်ရရှိစေရေးတို့အတွက် အခွင့်အရေးများရှိပါကြောင်း ပြောကြားပါသည်။


ဆက်လက်၍ ဒဂုံမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးဦးမင်းခိုင်က လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနှင့်ပတ်သတ်၍လည်းကောင်း၊ အနောက်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စမ်းစမ်းကြည်က သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကိုလည်းကောင်း၊ ဒုတိယဦးစီးမှူးဒေါ်ပပအောင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကိုလည်းကောင်း၊ ဟောပြောဆွေးနွေးကြပြီး ကျောင်းအုပ်ဆရာမကြီးဒေါက်တာဥမ္မာထွေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ(၂၀၀)ဦးခန့် တက်ရောက်ကြောင်း သတင်းရရှိပါသည်။


မိုးမိုးခိုင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)