သထုံမြို့နယ်အတွင်းရှိ ရေဘေးရှောင်ပြည်သူများထံ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်အတွင်းရှိ ရေဘေးရှောင်ပြည်သူများထံ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်






MNP ၊  ဩဂုတ်  ၁၁

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒုံသမိချောင်းရေ မြင့်တက်လာရာ ရေဘေးလွတ်ရာရှောင်တိမ်းနေထိုင်ကြသည့် ဒူးရင်းဆိပ်ကျေးရွာနှင့် ဈေးမသွယ်(အထက်)ကျေးရွာအနိမ့်ပိုင်းတို့မှ ရေဘေးရှောင်ပြည်သူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းကာ ယနေ့ မွန်းလွဲပိုင်းက အခြေခံစားသောက်ကုန်များကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


ထောက်ပံ့ပေးအပ်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်အေးခန့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဒူးရင်းဆိပ်ကျေးရွာ၊ ရွာလယ်ဓမ္မာရုံနှင့် ဈေးမသွယ်(အထက်)ကျေးရွာ ရန်ကင်းအောင်ကျောင်းတိုက် ဓမ္မာရုံတို့၌ ရေဘေးရှောင်ပြည်သူများကို တွေ့ဆုံအားပေးစကားများပြောကြားကာ တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်၊ ခေါက်ဆွဲခြောက်(၅)ထုပ်၊ ရေသန့်(၂)ကတ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၁ သိန်း ၆ သောင်းတန်ဖိုးခန့်ရှိ ဆန်၊ ခေါက်ဆွဲခြောက်၊ ရေသန့်ဘူးတို့ကို ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။


သထုံမြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းမှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျရေများစီးဆင်းပြီး ‌ဒုံသမိချောင်းရေ မြင့်တက်လာသဖြင့် ရေလွတ်ရာဖြစ်သည့် ဒူးရင်းဆိပ်ကျေးရွာ တပ်ဦးဘုန်း တော်ကြီးကျောင်း၌ အိမ်ထောင်စု(၆၄)စုမှ လူဦးရေ(၂၈၁)ဦး၊ ရွာလယ်ဓမ္မာရုံတို့၌ အိမ်ထောင်စု (၃၀)စုမှ လူဦးရေပေါင်း (၁၂၃)ဦးနှင့် ဈေးမသွယ်(အထက်)ကျေးရွာ၊ ရန်ကင်းအောင်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ အိမ်ထောင်စု(၂၀)စုမှ လူဦးရေ(၈၈)ဦးတို့ကို တာဝန်ရှိသူတို့က ပြောင်းရွှေ့နေရာချထားပေးခဲ့ကြပြီး ရေဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်း၊ လုံခြုံရေး၊ ကျန်းမာရေးအစရှိသည့် လိုအပ်သည့် ကူညီထောက်ပံ့မှုများကို ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)