ဂိုဏ်းပေါင်းစုံသံဃနာယကဆရာတော်ကြီးများဦးစီးဖွင့်လှစ်သည့် (၁၇)ကြိမ်မြောက် သာသနပါလဓမ္မာစရိယစာဝါသင်တန်း ပထမနေ့စတင်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂိုဏ်းပေါင်းစုံသံဃနာယကဆရာတော်ကြီးများဦးစီးဖွင့်လှစ်သည့် (၁၇)ကြိမ်မြောက် သာသနပါလဓမ္မာစရိယစာဝါသင်တန်း ပထမနေ့စတင်ဖွင့်လှစ်



MNP ၊  ဩဂုတ်  ၁၁

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဂိုဏ်းပေါင်းစုံသံဃနာယကဆရာတော်ကြီးများဦးစီးဖွင့်လှစ်သည့် သာသနပါလသဟပုညကာရီအဖွဲ့၏(၁၇)ကြိမ်မြောက် သာသနပါလဓမ္မာစရိယစာဝါသင်တန်း ပထမနေ့ကို ယမန်နေ့၊ နံနက်က ဗူးဘုရားပရိဝုဏ်ရှိ သန္တိသုခ ဓမ္မဗိမာန်တော်၌ စတင်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။


သထုံမြို့နယ်အတွင်းရှိ သံဃာတော်များအနေဖြင့် ပထမကြီးတန်းအောင်မြင်ပြီး (စာချတန်း)ဓမ္မာစရိယစာဝါများကို သထုံမြို့ပေါ်၌ သာသနာ့တာဝန်များထမ်းဆောင်ရင်းစာဝါလိုက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဂိုဏ်းပေါင်းစုံဆရာတော်ကြီးများ၏ စီစဥ်မှုဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သာသနပါလပါလသဟပုညကာရီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


အဆိုပါသင်တန်းသို့ ယခုနှစ်တွင် သထုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သံဃာတော်များနှင့် သီလရှင်ဆရာကြီး စုစုပေါင်း(၁၈)ပါးတက်ရောက်လျှက်ရှိပြီးသင်တန်းကာလခန့် ကြာမြင့်မည်ဖြစ်ကြောင်း သံဃာတော်များနှင့်သီလရှင်ဆရာကြီးများအားနေ့စဥ်ခရီးစရိတ်များနှင့် လိုအပ်သည်တို့ကို သာသနပါလသဟပုညကာရီအဖွဲ့မှ နေ့စဉ်ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost










No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)