မာန်အောင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအားပင်စင်လစာငွေများကိုစတင်ထုတ်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအားပင်စင်လစာငွေများကိုစတင်ထုတ်ပေးလျက်ရှိ






MNP ၊  ဩဂုတ်  ၂၁

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင်အငြိမ်းစားဝန်ထမ်းများအား၂၀၂၃-ခုနှစ်သြဂုတ်လ အတွက်ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှ စတင်ပြီး ယခုလ ၃၀ရက်နေ့ထိ ဘဏ်ဖွင့်ရက်များတွင်နံနက် ၇နာရီမှမွန်းလွဲ၃နာရီထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။


  ထိုသို့ ပင်စင်လစာငွေများထုတ်ပေးရာတွင် မာန်အောင်မြို့နယ်၌ အငြိမ်းစား ပင်စင်လစာငွေ ထုတ်ယူသူ(၇၆၆)ဦးရှိပြီး အဆိုပါသတ်မှတ်ရက်များအတွင်းအကြောင်းအမျိုးမျိုးကြောင့် လာရောက် ထုတ်ယူနိုင်ခြင်းမရှိပါကစက်တင်ဘာ လဆန်းပိုင်းတွင်ထပ်မံထုတ်ပေးသွားမည်ဖြစ်ပြီးကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့်ကိုယ်စားထုတ်ယူနိုင် ကြောင်း မာန်အောင်မြို့ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှသိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)