(၇)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ နောက်ဆုံးနေ့ မြန်မာပြခန်းများဆက်လက်ပြသပြီး စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ နောက်ဆုံးနေ့ မြန်မာပြခန်းများဆက်လက်ပြသပြီး စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုး



MNP ၊ ဩဂုတ် ၂၁

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Dianchi Interna-tional Convention and Exhibi-tion Center တွင် ကျင်းပပြုလုပ်နေသည့် (၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ နှင့် (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန်ကုန်စည်ပြပွဲ၏ နောက်ဆုံးနေ့ဖြစ်သည့် ယမန်နေ့က မြန်မာနိုင်ငံ ပြခန်းများ ဆက်လက်ပါဝင်ပြသရာ လာရောက်ကြည့် ရှုသူများဖြင့် စည်ကားလျက်ရှိသည်။

မြန်မာပြခန်းသို့ လာရောက်ကြသူများကို မြန်မာ့ထုတ်ကုန်များဖြစ်သည့် ကော်ဖီ၊ လက်ဖက်စို၊ လက်ဖက်ခြာက်၊ ဆီးဖျော်ရည်နှင့် စားသောက်ကုန်များကို မိတ်ဆက် ကျွေးမွေး၍ ဈေးကွက်ရရှိရေး ဆောင်ရွက်ခဲ့ကြသည်။ ပြခန်းဆောင်အတွင်း ပြသထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာ့ခရီးသွား နေရာများကိုလည်း ပြခန်းသို့ လာရောက်သူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုကြသည်။

ထို့ပြင် ကုန်စည်ပြပွဲတွင် ပါဝင်ပြသနေသာ မြန်မာကုမ္ပဏီ/အသင်းအဖွဲ့များဖြစ်သည့် ကိုးကန့် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၊ AJ Myanmar၊ Good Brother Group Co. ,Ltd၊ Global Earth Agro and Aqua International Co.,Ltd တို့သည် ဂုဏ်ထူးဆောင် နိုင်ငံပြခန်းဆောင်တွင် တရုတ်နိုင်ငံ ကူမင်းမြို့၊ ချုံချင့်မြို့နှင့် ကွမ်ရှီးပြည်နယ် သုံးရှင်းမြို့အခြေစိုက် ကုမ္ပဏီလေးခုတို့နှင့် ပို့ကုန်/သွင်းကုန်လုပ်ငန်း၊ ကုန်စည်ဖြန့်ဖြူးရေး၊ လယ်ယာထွက်ကုန်၊ ရေထွက် ပစ္စည်းများနှင့် ပတ်သက်သည့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)