ဆီဆိုင်မြို့နယ် ထူးကျန့်ကျေးရွာ၌ မြေသားရေကန် တစ်ဖက်ကျောက်ရိုးစီခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီဆိုင်မြို့နယ် ထူးကျန့်ကျေးရွာ၌ မြေသားရေကန် တစ်ဖက်ကျောက်ရိုးစီခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး


MNP ၊  ဩဂုတ်  ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများကို  ယမန်နေ့နံနက် ၁၀ နာရီက လွယ်ပွတ်ကျေးရွာအုပ်စု၊ ထူးကျန့်ကျေးရွာ၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။


ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဦးထျာရယ်နှင့် ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့်ဆောင်ရွက်နေသည့် မြေသားရေကန် တစ်ဖက်ကျောက်ရိုးစီခြင်း (၁၁၅ပေ၊ ၂ပေ၊ ၅ပေ) လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြေသားရေကန် တစ်ဖက် ကျောက်ရိုးစီခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ထူးကျန့်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြစ်သည့် မြေသားရေကန်တစ်ဖက် ကျောက်ရိုးစီခြင်းလုပ်ငန်းသည် နိုင်ငံတော်မှပံ့ပိုးရန်ပုံငွေကျပ်(၁၅.၀၀)သန်း၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေ(၀.၃၆)သန်း၊ စုစုပေါင်း(၁၅.၃၆)သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုး ကူညီ၍ အနီးကပ်ကြီးကြပ်ကာ ကျေးရွာများမှ ကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မျိုးမြတ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)