ပြည်ခိုင်ဖြိုးပါတီ မှ ဆောင်ရွက်လျက်ရှိသော ပြည့်မဏ္ဍိုင်စီမံချက်နဲ့ Project Cycle Management ဘာသာရပ်တွေကို မြေပြင်မှာထိရောက်စွာ အကောင်အထည်ဖော်ကြဖို့ ဥက္ကဋ္ဌ ဦးခင်ရီ ရှင်းလင်းပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ခိုင်ဖြိုးပါတီ မှ ဆောင်ရွက်လျက်ရှိသော ပြည့်မဏ္ဍိုင်စီမံချက်နဲ့ Project Cycle Management ဘာသာရပ်တွေကို မြေပြင်မှာထိရောက်စွာ အကောင်အထည်ဖော်ကြဖို့ ဥက္ကဋ္ဌ ဦးခင်ရီ ရှင်းလင်းပြောကြား







MNP ၊ သြဂုတ် ၁၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၁၁-၈-၂၀၂၃ ရက်နေ့  နံနက်ပိုင်းတွင် ပါတီဌာနချုပ်ရုံးခွဲ(ရန်ကုန်) ၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ၊ လူငယ်ရေးရာ/အမျိုးသမီးရေးရာ တာဝန်ခံများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ 


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ က "ရန်ကုန်မြို့၊ ပါတီဌာနချုပ် (ရုံးခွဲ)မှာ တိုင်းအဆင့် ပါတီတာဝန်ရှိပုဂ္ဂိုလ်တွေ၊ ခရိုင်/ မြို့နယ် အသီးသီးက ဥက္ကဋ္ဌတွေ ၊ လူငယ်/အမျိုးသမီးတာဝန်ခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ ပါတီရဲ့ရေရှည်ရည်မှန်းချက်၊ ရေတိုရည်မှန်းချက်၊ နိုင်ငံရေးလှုပ်ရှားမှု၊ အထောက်အကူပြုလုပ်ငန်းတွေနဲ့အတူ အဓိကထား ဆက်စပ် ဆောင်ရွက်နေတဲ့ ပြည့်မဏ္ဍိုင်စီမံချက်နဲ့ Project Cycle Management ဘာသာရပ်တွေကို မြေပြင်မှာထိရောက်စွာ အကောင်အထည်ဖော်ကြဖို့ အသေးစိတ်ရှင်းပြခဲ့ပါတယ်။ နေ့လည်ပိုင်းမှာ ရင်းနှီးခင်မင်ခဲ့ကြတဲ့ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြား သတင်းထောက်များအဖွဲ့ (Foreign Correspondents Club)က မိတ်ဆွေဟောင်းအချို့နဲ့ အလွတ်သဘောစကားပြောဖြစ်ခဲ့ပါတယ်။ ညနေပိုင်းမှာ ပါတီအကြံပေးပုဂ္ဂိုလ်များနဲ့ ထပ်မံတွေ့ဆုံပြီး ပါတီအပေါ် သုံးသပ်ချက်တွေ၊ ပါတီလှုပ်ရှားမှုလုပ်ငန်းတွေနဲ့  အားသာချက်/ အားနည်းချက်တွေကို  ဆွေးနွေးအကြံပြုခြင်းတို့ကိုလည်း ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်ရဲ့ နိုင်ငံရေးခြေလှမ်းတွေ၊ လှုပ်ရှားမှုတွေကို ပိုမိုသဘောပေါက်နားလည်ပြီး ထိထိမိမိနဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ဆောင်ရွက်ခဲ့တာပါ။" ဟု သူ၏ လူမှုကွန်ရက်မှ ရေးသားထုတ်ပြန်ခဲ့သည်။ 


အခမ်းအနားသို့ရန်ကုန်တိုင်းဒေသကြီးမှ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ၊ လူငယ်ရေးရာ/အမျိုးသမီးရေးရာ တာဝန်ခံများ တက်ရောက်သူအင်အား (၁၈၀)ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။ 


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)