MNP ၊ ဩဂုတ် ၂၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေးအတွက် ကျောင်းသား၊ ကျောင်းသူများအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလ အစရှိသည့် ဗလငါးတန်အပါအဝင် အထွေထွေအသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာန တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁နာရီခွဲက ဂွမြို့၊ မကျေးငူ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မင်းသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မင်းလွင်က လူငယ်ရေးရာအသိပညာပေးနှင့် အနာဂတ်ခေါင်းဆောင်မှု အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး မကျေးငူ အခြေခံပညာအလယ်တန်းကျောင်းမှ Grade-9ကျောင်းသား မောင်စိုးကိုကိုအောင်က လူငယ်နဲ့အနာဂတ် အကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊Grade-9ကျောင်းသား မောင်အေးချမ်းနိုင်က လူငယ်နဲ့ရည်မှန်းချက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊Grade-9 ကျောင်းသူ မယွန်းလဲ့ရူပါက အနာဂတ်အောင်မြင်ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grare-9ကျောင်းသူ မယုနန္ဒာကျော်က လူငယ်နဲ့အချိန်ကိုအကျိုးရှိစွာအသုံးချမှု ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်းနှင့် ဆွေးချက်များအပေါ် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့်အချက်များ ပြန်လည်မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူနှင့် ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်၍ မကျေးငူ အလယ်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာမကြီးဒေါ်ဖြူဖြူဝင်းက လူငယ်စကားဝိုင်းအား ပူးပေါင်းဆောင်ရွက်ရသည့်အတွက် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲကို မကျေးငူအခြေခံပညာအလယ်တန်းကျောင်းမှ ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူစုစုပေါင်း (၇၀)ဦးတက်ရောက်ခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှု့ခဲ့ကြကြောင်းသိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost




No comments:
Post a Comment