နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ် တောင်ညိုကျေးရွာအုပ်စုတွင် အမျိုးသမီးဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအတွက် ဖွင့်လှစ်သည့် အခြေခံစက်ချုပ်နည်းပညာနှင့် ဖက်ရှင်ဒီဇိုင်းသင်တန်းဆင်းပွဲ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ် တောင်ညိုကျေးရွာအုပ်စုတွင် အမျိုးသမီးဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအတွက် ဖွင့်လှစ်သည့် အခြေခံစက်ချုပ်နည်းပညာနှင့် ဖက်ရှင်ဒီဇိုင်းသင်တန်းဆင်းပွဲ တက်ရောက်




MNP ၊  ဩဂုတ်  ၂၂

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီမြို့နယ် တောင်ညိုကျေးရွာအုပ်စုတွင် အမျိုးသမီးဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအတွက် ဖွင့်လှစ်သည့် အခြေခံစက်ချုပ်နည်းပညာနှင့် ဖက်ရှင်ဒီဇိုင်းသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက တောင်ညိုကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ​ကျင်းပခဲ့သည်။


ရှေးဦးစွာ ​​ပြည်ထောင်စုနယ်​မြေ၊  နေပြည်တော်စီမံကိန်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက သင်တန်းဆင်း အမှာစကားပြောကြားရာ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အသေးစားကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးပွားရေး ဆောင်ရွက်မည့် လုပ်ငန်းလုပ်ကိုင်လိုသူ ၂၀ ဦးအား စီမံကိန်းလုပ်ငန်းအ​​ကောင်အထည်ဖော်ရန်အတွက် စက်ချုပ်နည်းပညာဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ အခြေခံစက်ချုပ်နည်းပညာကိုသာမက ဖက်ရှင်ဒီဇိုင်းကိုပါ သင်ကြားပေးသည့်အတွက် ကိုယ်ပိုင်စက်ချုပ်လုပ်ငန်း ထူထောင်ရာတွင်လည်း အခက်အခဲမရှိ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးပွားရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း၏ ဦးတည်ချက်ဖြစ်သော အမှန်တကယ်လုပ်ငန်းလုပ်ကိုင်မည့်သူ ၅ ဦးကို ရွေးချယ်ပြီး စက်ချုပ်လုပ်ငန်း ထူထောင်နိုင်ရန်အတွက် ကျပ် ၁၀ သိန်းနဲ့ညီမျှသော ရင်းနှီးပစ္စည်းများကို ထောက်ပံ့ပေးအပ်သွားမှာဖြစ်ကြောင်း၊ လုပ်ငန်းလုပ်ကိုင်သူ ၅ ဦးရွေးချယ်ရာမှာလည်း သင်တန်းကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုများကို စိစစ်သုံးသပ် အကဲဖြတ်ပြီးမှသာ သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ငြိမ်းအေးက လုပ်ငန်းထူထောင်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။


ဆက်လက်၍ နေပြည်တော်စီမံကိန်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ငြိမ်းအေးက သင်တန်းထုတ်ကုန်ပစ္စည်းများပေးအပ်ခဲ့ပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


အဆိုပါအခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ငြိမ်းအေးနှင့် တာဝန်ရှိသူများ၊  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများ စုစုပေါင်း ၆၀ ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားအပြီးတွင် မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။


အောင်မျိုးဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)