MNP ၊ ဩဂုတ် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်စေရေး၊ ပိုးလောက်လန်းများ ပေါက်ပွားမှုူမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မန်ကန်မြို့၊ မြို့အုပ်ရေးမှူးဦးနိုင်မင်းထွန်းကဦးဆောင်၍ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်များအလွယ်တကူဝင်ရောက်နိုင်သော နေရာများ၊ ရေကန်များ၊ ကျောင်းဘုရားစင်များ၊ ရေလောင်းအိမ်သာများတွင် ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများနှင့် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အေးကပ်
https://t.me/MyanmarNationalPost
No comments:
Post a Comment