MNP ၊ ဩဂုတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ GRET ရုံးအဖွဲ့၏ စီမံကိန်းဖြင့် ဘိုကလေးမြို့နယ်အတွင်းမှ စိုက်ပျိုးရေးတောင်သူများစုဖွဲ့ထားသော “အိမ်ရှင်မ” သီးနှံများ ဓာတုကင်းလွတ်စွာ စိုက်ပျိုးရောင်းချရေးအဖွဲ့မှ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ အာဟာရအသိပညာများ တိုးပွားလာရန်နှင့် ဘေးကင်းလုံခြုံစိတ်ချရသော ဓါတုကင်းလွတ် ဟင်းသီးဟင်းရွက်များကို အလွယ်တကူလက်လှမ်းမှီစွာ ဝယ်ယူရရှိစေရန်တို့ကိုရည်ရွယ်၍ ဘိုကလေးမြို့၊ တတိယလမ်းမရှိ ဘိုကလေးတင့်အောင် စာကြည့်တိုက်ရှေ့တွင် ဓာတုကင်းလွတ်သည့် ဩဂဲနစ်ဟင်းသီးဟင်းရွက်များ ရောင်းချဆောင်ရွက်ပေးနေရာမှ ကာလတစ်ခုကြာ ရပ်နားထားခဲ့ပြီး ယခုအခါ ဘိုကလေးမြို့၊ အမှတ်(၄)ရပ်ကွက်၊ (၆)လမ်းအတွင်းတွင် ယမန်နေ့နံနက်ပိုင်းမှစတင်၍ ပြန်လည်ရောင်းချနေပြီဖြစ်သည်။
ရောင်းချရာတွင် အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့တိုင်း အိမ်ရှင်မအဖွဲ့ဝင် စိုက်ပျိုးတောင်သူများကိုယ်တိုင် ဓာတုကင်းလွတ်စွာဖြင့် စိုက်ပျိုးထားသော ဩဂဲနစ်သီးနှံများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ပဲတိုင်တောင်၊ မုန်ညှင်းဖြူ၊ ဟင်းနုနွယ်၊ နံနံ၊ ကိုက်လန်၊ ပိန်းရိုး၊ ဆလပ်တို့အပါအဝင် ဟင်းသီးဟင်းရွက်အမျိုးပေါင်း(၃၀)ကျော်အား ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။
မိုးစက်
https://t.me/MyanmarNationalPost
No comments:
Post a Comment