ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စားသုံးသူကာကွယ်ရေးဥပဒေပါတားမြစ်ချက်များအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စားသုံးသူကာကွယ်ရေးဥပဒေပါတားမြစ်ချက်များအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်


MNP ၊  ဩဂုတ်  ၂၂

    မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးစီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဥပဒေပါတားမြစ်ချက်များအကြောင်း အသိပညာပေးTalk Show ဆွေးနွေးပွဲကို ဩဂုတ် ၂၂ရက် နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

      ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သန်းသန်းမော် က Talk Show အစီအစဉ်ပြုလုပ်ရသည့်ရည်ရွယ်ချက်ကိုပြောကြားပြီးအစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ခဲ့သည်။


       ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှဦးစီးအရာရှိဦးအောင်ကျော်မင်းနှင့် ဦးစီးမှူးဦးဇော်ဦးတို့က စားသုံးသူကာကွယ်ရေးနှင့်လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေ၊စားသုံးသူကာကွယ်ရေးဥပဒေပါတားမြစ်ချက်များအ‌ ကြောင်း၊စားသုံးသူကာကွယ်ရေးဥပဒေအရတားမြစ်ချက်များကိုဖောက်ဖျက်ကျူးလွန်ပါကအရေးယူခံနိုင်မှုအခြေအနေ များကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


     ကျိုက်ထိုမြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကိုလည်း ပြည်သူများ အကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်‌လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)