ကျိန္တလီမြို့၌ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအန္တရာယ် အသိပညာပေး (Talk Show)ဆွေးနွေးပွဲကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့၌ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအန္တရာယ် အသိပညာပေး (Talk Show)ဆွေးနွေးပွဲကျင်းပပြုလုပ်



MNP ၊  ဩဂုတ်  ၂၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနမှ ဝန်ထမ်းများက ယာဉ်စည်းကမ်း ၊လမ်းစည်းကမ်း အန္တရာယ် အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့ နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့ သည်။ 


ဆွေးနွေးပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက  (Talk Show) ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်ပတ်သက်ပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရယ် ကင်းရှင်းစေရေး ထုတ်ပြန်ထားသော လမ်းညွှန်များ၊ အသိပေးနိုးဆော်ချက်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြပုံစံများ စသည်တို့ကို ဆွေးနွေးခဲ့ပြီး ရုပ်သံကျွမ်းကျင်-၃ (အင်အားပြ) ဒေါ်ဖြိုးဝေသူက မော်တော်ယာဉ်မောင်းနှင်သူများ နှင့်လိုက်ပါစီးနင်းသူများအနေဖြင့် အသက်ကယ်ထိုင်ခုံခါးပတ် ဝတ်ဆင်ထားသင့်ကြောင်း၊ မော်တော်ယာဉ်မောင်းနှင်နေစဉ်တွင် ဖုန်းပြောခြင်း၊ မူးယစ်သောက်စားခြင်းမှ ရှောင်ကြည်ရန် လိုအပ်ပါကြောင်းနှင့် မော်တော်ဆိုင်ကယ် မောင်းနှင်စီးနင်းသူများ၊ နောက်မှ လိုက်ပါစီးနင်းသူများ အနေဖြင့်လည်း အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်အသုံးပြရန်နှင့် မေးသိုင်းကြိုး မြဲမြံစွာ တပ်ဆင်အသုံးပြုရန်လိုအပ်ကြောင်း၊ မော်တော်ဆိုင်ကယ်စီးနင်းပါက နှစ်ဦးထက်ပို၍ မစီးသင့်ကြောင်း၊ မော်တော်ယဉ်မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်း ထက်ပို၍ မောင်းနှင်ခြင်းမပြုသင့်ကြောင်းတို့ကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ 


ဇော်လင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)