ပေါင်မြို့နယ်၌မိုးရာသီတွင်ရေကြီးနစ်မြှပ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော စပါးများ အချိန်မီစိုက်ပျိုးနိုင်အောင် နည်းပညာပေးဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌မိုးရာသီတွင်ရေကြီးနစ်မြှပ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော စပါးများ အချိန်မီစိုက်ပျိုးနိုင်အောင် နည်းပညာပေးဆွေးနွေးပွဲပြုလုပ်






MNP ၊  ဩဂုတ်  ၁၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးစပါးများ ရေကြီးနစ်မြှပ်မှုဖြစ်ပွားခဲ့ရာ ထိခိုက်ပျက်စီးသွားသော စပါးများ အချိန်မီစိုက်ပျိုးနိုင်အောင် နည်းပညာပေးဆွေးနွေးပွဲပြုလုပ်ခြင်းကို သဲဖြူကုန်းကျေးရွာ (အမက)ကန်ဖြူ ကျောင်း၌ယ‌နေ့နံနက်ပိုင်းကပြုလုပ်ခဲ့သည်။


အဆိုပါ ဆွေးနွေးပွဲတွင် ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှုး ဒေါ်လင်းလင်းမွန် နှင့်တာဝန်ကျဝန်ထမ်းများက ‌ဇူလိုင်လတွင်နှစ်ကြိမ်၊ဩဂုတ်လတွင်တစ်ကြိမ် ရေကြီးနစ်မြှပ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော တောင်သူများအား အရံမျိုးစပါးများဝယ်ယူပြီး အချိန်မီစိုက်ပျိုးနိုင်အောင် နည်းပညာပေးလုပ်ငန်းများကို  ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။


ပေါင်မြို့နယ်အနေဖြင့် မိုးတွင်းကာလမိုးသည်းစွာ  ရွာသွန်းမှုကြောင့် ကျေးရွာပေါင်း (၁၀)ရွာမှ တောင်သူ (၁၂၅၃)ဦး၏

ရေကြီးနစ်မြှပ်သည့် ဧက (၁၃၂၄၇) ဧကရှိပြီး ပြန်ပေါ်လာသည့်ဧက (၁၁၇၂၆)ဧက ရှိခဲ့ပါသည်။ထိခိုက်သည့်ဧကအနေဖြင့် (၁၉၇၈)ဧက ရှိခဲ့ပြီး  လုံးဝပျက်စီးသွားသည့်ဧက မှာ (၁၂၆၁)ဧကဖြစ်ကြောင်း နှင့် ပျက်စီးသွားသည့်စိုက်ဧကများအတွက် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အရံမျိုးစပါးများဝယ်ယူရန်ကူညီပေးခြင်းနှင့် နည်းပညာများပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)