ဂွမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေး




MNP ၊  ဩဂုတ်  ၁၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် ဂွမြို့နယ်အနေဖြင့် ကျေးရွာအုပ်စု (၂၈)အုပ်စုမှ  လမ်းခင်းခြင်း၊ တံတားနှင့် ရေပြွန် တည်ဆောက်ခြင်း၊ ရေလှောင်တမံတည်ဆောက်ခြင်း၊ ကျေးလက်တန်ဖိုးနည်းအိမ်ယာ ဆောက်လုပ်ခြင်း၊ ရေပေးဝေခြင်းလုပ်ငန်း၊ ဘက်စုံသုံးခန်းမတည်ဆောက်ခြင်း၊ ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းခြင်း၊ ရေရှိရေး လုပ်ငန်းများ စသည်ဖြင့် လုပ်ငန်းများ(၁၂၀)ကျော်အား တင်ပြခဲ့ရာ သက်ဆိုင်ရာဌာနများက မြို့နယ်စီမံကိန်း ဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)