ပေါင်မြို့နယ်တွင် ငါးလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အကြောင်း အသိပညာပေး ( Talk Show ) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ငါးလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အကြောင်း အသိပညာပေး ( Talk Show ) ပြုလုပ်


MNP ၊  ဩဂုတ်  ၁၆

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင်  ငါးလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာအကြောင်း  အသိပညာပေး ( Talk Show ) ပြုလုပ်ကျင်းပခြင်းကို ယနေ့ နေ့လယ်( ၁ )နာရီက ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က (Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး  သထုံခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ပေါင်မြို့နယ်တာဝန်ခံ ဦးဟန်ဝင်းရွှေ က ပေါင်မြို့နယ်အတွင်း ငါးသယံဇာတများ၊ထိန်းသိမ်းခြင်း၊ငါးရိက္ခာဖူလုံစေရန် ၊အစာဘေးအန္တရာယ်များကင်းရှင်းစေရန် နှင့်စဉ်ဆက်မပြတ် ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ပေါင်မြို့နယ်သည် မုတ္တမ ပင်လယ်ကွေ့နှင့်ဆက်စပ်နေပြီးသံလွင်မြစ်ဝဖြစ်သည့်အတွက် ငါးလုပ်ငန်းလုပ်ကိုင်သူများအသင့်အတင့်ရှိခြင်း၊ ငါးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် လုပ်ငန်းနှင့်သက်ဆိုင်သောအခွန်များကိုပေးသွင်းပြီးဆောင်ရွက်နိုင်ပါကြောင်း  စသည့်အကြောင်းအရာများကို  ဆွေးနွေးခဲ့ပါသည်။


ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများအသိပညာတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)