ရသေ့တောင်မြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်များလူထုလှုပ်ရှားမှု အခမ်း အနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်များလူထုလှုပ်ရှားမှု အခမ်း အနား ကျင်းပ





MNP ၊  ဩဂုတ်  ၁၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရ‌သေ့တောင်မြို့၌ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ  ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်အတွက် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှု အခမ်းအနားကို  ယနေ့ နံနက်(၁၁) နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။ 


ရှေးဦးစွာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်မြင့်ဦးမှအဖွင့်အမှာစကားပြော ကြားသည်။


 ဆက်လက်ပြီး  သူနာပြု ဦးစီးအရာရှိ မာမီဒေါ်ခင်ထား‌ရွှေမှအာဟာရဖွံ့ဖြိုးရေး အရေးပါပုံများအား ရှင်းလင်းပြောကြားပြီး၊  အာဟာရရက်သတ္တပတ် လှုပ်ရှားမှုအကြောင်းကို တက်ရောက်လာကြသော ကလေးမိခင်များအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်အမျိုး သမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ ကျန်းမာရေးဝန်ထမ်းများက ဝိုင်းဝန်းကူညီကာ  အသက် (၆) လမှ (၅)နှစ်အတွင်းရှိ ကလေးငယ်များအား Vitamin – A တိုက်ကျွေးခြင်း၊ အသက် (၂)နှစ်မှ (၅)နှစ်အတွင်းရှိ ကလေးငယ်များအား Albendarre (သံချဆေး) တိုက်ကျွေးခြင်းနှင့် အာဟာရ လက်ဆောင်များကို ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)