ရသေ့တောင်မြို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက်(၂)လမှ (၂)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက်(၂)လမှ (၂)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်လျက်ရှိ





MNP ၊  ဩဂုတ်  ၁၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ရ‌သေ့တောင်မြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီး များနှင့် အသက်(၂)လမှ(၂)နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်(၁၁)နာရီအချိန်က မိခင်နှင့်ကလေးကျန်းမာရေးဌာနက ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။


ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ဆောင်ရွက်ရာ၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက်(၂)လမှ (၂)နှစ်အောက် ကလေးများအား အဆုပ်ရောဂါကာကွယ်ဆေး၊ ဆုံဆို့၊ ကြက်ညှာ၊ အသဲ ရောင်/အသားဝါ၊ ဦးနှောက်အမှေးပါးရောင်၊ နမိုးနီးယားကာကွယ်ဆေး၊ (၅)မျိုးစပ်၊ ပိုလီယိုသောက်ဆေး နှင့်ထိုးဆေး၊ မေးခိုင်ရောဂါကာကွယ်ဆေး၊ ဝမ်းရောဂါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးလျက်ရှိသည်။


ထိုနည်းတူစွာ ရသေ့တောင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌လည်း ကျေးလက်ကျန်းမာရေးဌာနခွဲများ၌ သတ်မှတ်စုရပ်နေရာများသတ်မှတ်၍ သက်ဆိုင်ရာတာဝန်ရှိသူ ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန် ဆောင်အမျိုးသမီးများနှင့် အသက်(၂)လမှ(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)