ရမ်းဗြဲမြို့၌ စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး လက်စွဲစာစောင် စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး လက်စွဲစာစောင် စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်



MNP ၊  ဩဂုတ်  ၁၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဝန်ထမ်းများ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့ နေ့လယ်(၁)နာရီ (၃၀)မိနစ် အချိန်က ဆောင်ရွက်ခဲ့ကြသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို  ရှင်းလင်းပြောကြားပြီး  စာအုပ်ပါ စာပြုလုပ်ငန်းခေါင်းစဉ်ဖြင့် ဦးဆောင်ဖတ်ကြားခဲ့သည်။ ဆက်လက်ပြီ: စာကြည့်တိုက်လက်ထောက်-၃ ဦးမောင်ကြည်မှစာကြည့်တိုက် လုပ်ငန်း စီမံခန့်ခွဲရေး လက်စွဲစာစောင်စာအုပ်မှ စာငှားစနစ်၊ စာကြည့်တိုက်များ ပုံမှန်စစ်ဆေးခြင်း ခေါင်းစဉ်ဖြင့်  ဖတ်ကြားဆွေးနွေးပါသည်။


ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဝန်ထမ်းများက  စာကြည့်တိုက် လုပ်ငန်းများ ထိရောက်အောင်မြင်နိုင်ရေးနှင့်စာကြည့်တိုက်ရှိ စာအုပ်/စာစောင်များပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးခေါင်းစဉ်ဖြင့်   ဆက်လက်ဆွေးနွေးခဲ့ကြသည်။


အောင်တင်ကြည်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)