MNP ၊ ဩဂုတ် ၁၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်အတွက် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှု အခမ်းအနားကို ယနေ့ နေ့လယ်(၂) နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းမှ အဖွင့်အမှာစကားပြော ကြားသည်။ ဆက်လက်ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခိုင်ထွန်းမှ အာဟာရဖွံ့ဖြိုးရေး အရေးပါပုံများအား ရှင်းလင်းပြောကြားပြီး၊ သူနာပြု ဦးစီးအရာရှိ မာမီဒေါ်ခင်ထွေးမှ အာဟာရရက်သတ္တပတ် လှုပ်ရှားမှုအကြောင်းကို တက်ရောက်လာကြသော ကလေးမိခင်များအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် စံပြဆုများ ရရှိကြသည့် ကလေးများအား တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အကြီးအကဲများမှ ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။ ဆက်လက်ပြီး မြို့နယ်အမျိုး သမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ ကျန်းမာရေးဝန်ထမ်းများက ဝိုင်းဝန်းကူညီကာ အသက် (၆) လမှ (၅)နှစ်အတွင်းရှိ ကလေးငယ်များအား Vitamin – A တိုက်ကျွေးခြင်း၊ အသက် (၂)နှစ်မှ (၅)နှစ်အတွင်းရှိ ကလေးငယ်များအား Albendarre (သံချဆေး) တိုက်ကျွေးခြင်းနှင့် အာဟာရ လက်ဆောင်များကို ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်တင်ကြည်
https://t.me/MyanmarNationalPost








No comments:
Post a Comment