MNP ၊ ဩဂုတ် ၁၀
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ရုပ်ရှင်အစည်းအရုံးဝင်များ၏ သားသမီးများအား ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အမှတ်(၁၆) ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ကျင်းပသည်။
ဦးစွာမြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးနာယက ဦးအောင်လွင်က ဂုဏ်ပြုစကား ပြောကြားပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက ပညာရည်ချွန်ဆုပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ရုပ်ရှင်အစည်းအရုံးဝင်၏ သားသမီးများကို ပညာရည်ချွန်ဆုပေးပွဲ ကျင်းပရာ စက်မှုအခြေခံအဖွဲ့ဝင်၏ သမီးဖြစ်သော(၃)ဘာသာဂုဏ်ထူးရှင် မချောစုဝေ၊ (၁)ဘာသာဂုဏ်ထူးရှင်များ ဖြစ်ကြသော မအိခြူးအောင်မိုးနှင့် မဝင်းပြည့်ပြည့်အောင်တို့အား ဂုဏ်ထူးတဘာသာလျှင် ၁ သိန်း၊ ဂုဏ်ပြုကဒ်ပြား၊ ဗလာစာအုပ် ၆ ဒါဇင်စီတို့ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ဆုရရှိသူများကိုယ်စား (၃)ဘာသာဂုဏ်ထူးရှင် မချောစုဝေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနား တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်
https://t.me/MyanmarNationalPost

No comments:
Post a Comment