ကဝမြို့နယ်တွင် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကဝမြို့နယ်တွင် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်


MNP ၊  ဩဂုတ်  ၁၀

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပြိုလဲခြင်းနှင့် အမိုးလန်ပျက်စီးခြင်းအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီက ဆောင်ရွက်ခဲ့သည်။


လေပြင်းတိုက်ခတ်မှုကြောင့် ကဝမြို့နယ် ဘလောက်ကျေးရွာ၊ ဘေးဘောက်ကျေးရွာနှင့် သောင်စုကျေးရွာများတွင် လူနေအိမ်(၂)လုံးပြိုလဲပြီး (၂၇)လုံးအမိုးလန်ပျက်စီးခဲ့ရာ လေဘေးသင့်အိမ်‌ခြေစုစုပေါင်း(၂၉)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ ပလပ်စတစ်ပုံး(၂)ပုံးစီ၊ အိမ်များပြန်လည်တည်ဆောက်နိုင်ရန် ထောက်ပံ့ငွေ (၁၆၅၀၀၀၀)ကျပ်နှင့် စားနပ်ရိက္ခာအတွက် (၂၄၃၆၀၀)ကျပ် စုစုပေါင်း(၁၈၉၃၆၀၀)ကျပ်ကို လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)