MNP ၊ ဩဂုတ် ၁၀
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် ပြည်သူများအနေဖြင့် အားကောင်း သောမုတ်သုံလေဝင်ရောက်မှုကြောင့်လေဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကိုယနေ့ နံနက်၁၁နာရီအချိန်ကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ရဲ၊ မီးသတ်၊ ဘေးစီမံ၊ စည်ပင်၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကမ်းနီးကမ်းဝေးရေကြောင်းခရီးသွားပြည်သူများအားဆိပ်ကမ်းများသို့သွားရောက် လိုက်လံအသိပေးဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ် မီးသတ်စခန်းမှမီးသတ်ဦးစီးမှူး ဦးလူမော်နှင့်တပ်ဖွဲ့ဝင်များကမုတ်သုံလေဝင်ရောက်မှုကြောင့် ရခိုင်ကမ်းရိုးတန်တစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်သဖြင့် ကြိုတင်သတိပြု ကာကွယ်နိုင်စေရန်နှင့် အသက်အန္တရာယ်ဆုံးရှုံးမှုများ လျော့ချ နိုင်စေရန် အများပြည်သူများအနေဖြင့် ကြိုတင် ကာကွယ်သင့်သည့် လုပ်ငန်းများ၊ လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ သတိပြုရှောင်ရှားသင့်သည့် အပြု အမူ များကို သိရှိစေရန်အတွက်ခရီးသွားပြည်သူများအား Life Jacket ဝတ်ဆင်တတ်စေရေးမီးသတ်တပ်ဖွဲ့ဝင်များကသရုပ်ပြ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment