ပေါင်မြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြန်မာ့သိုင်းသင်တန်းဖွင့်ပွဲ ပြုလုပ်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြန်မာ့သိုင်းသင်တန်းဖွင့်ပွဲ ပြုလုပ်ကျင်းပ





MNP ၊  ဩဂုတ်  ၁၀

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြန်မာ့သိုင်းသင်တန်းဖွင့်ပွဲကို (အထက)ဇင်းကျိုက်၊ရတနာမွန်ခန်းမ၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။


သင်တန်းတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းညွန့်တင် က ယခုလို သိုင်းသင်တန်းများဖွင့်လှစ်ရခြင်းဖြင့် ကျောင်းသား၊ကျောင်းသူများ  ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ထက်မြက်သော လူရည်ချွန် များပေါ်ထွက်လာအောင် ဆောင်ရွက်ပေးသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း အမှာစကားပြောကြားသည်။


ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးသီတာအောင်  ကမြန်မာ့အားကစားကမ္ဘာကိုလွှမ်းရမည်ဆိုသည့်ဆောင်ပုဒ်အတိုင်း  အားကစား ကိုကြိုးစားသင်ယူခြင်းဖြင့် ထူးချွန်လာပါက မြို့နယ်အဆင့် ၊ ပြည်နယ်အဆင့် မှ နိုင်ငံတော်ကိုကိုယ်စားပြုသည့်အထိ  ထူးချွန်လာအောင်ကြိုးစားသင်ယူဖို့လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ သင်တန်းဖွင့်လှစ်ရန်အတွက် ဇင်းကျိုက်မြို့အုပ်ချုပ်ရေးမှူး ဦးဝေတိုးအောင် နှင့်  ကြက်‌ခြေနီအသင်းဥက္ကဌ ဦးအောင်မင်းနိုင် တို့ကသင်ထောက်ကူပစ္စည်းများကို သင်တန်းသားများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဌေး က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။


အဆိုပါ သိုင်းသင်တန်းဖွင့်လှစ်ရာတွင် သင်တန်းဆရာ (၄)ဦးက မိမိတို့သင်ကြားပြသမည့် သိုင်းကွတ်များကို သရုပ်ပြသကာ အခြေခံသိုင်းသင်တန်းကို စတင်ဖွင့်လှစ်ရာ သင်တန်းသား၊သင်တန်းသူ (၇၆)ဦး တက်ရောက်သွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၁၄)ရက်ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)