MNP ၊ ဩဂုတ် ၅
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန် မြှင့်တင်ရေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၁၀:၀၀)နာရီအချိန်က အ.မ.က(၁၃) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းကြည်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က ကျောင်းသား/ကျောင်းသူများအနေဖြင့် စာဖတ်ခြင်းအလေ့အထရှိစေရေး၊ စာဖတ်ခြင်းအကျိုးကျေးဇူးများ၊ လူငယ်နှင့်စာဖတ်ခြင်း၊ ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက်(၃)ရပ်၊ လူကုန်ကူးမှုအအကြောင်း သိကောင်းစရာများစသည်တို့ကို အသိပညာပေး ဟောပြောခဲ့ကြသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ခရိုင်ပြန်ဆက်ဦးစီးဌာနမှ ကလေးအလုပ်သမား ပပျောက်ရေး၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment