ဒေါပုံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေါပုံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများ ဆောင်ရွက်




MNP ၊  ဩဂုတ်   ၁၅

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူ လူငယ်များ အသိပညာ ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ယ​နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်းတွင် နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာ​စောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းသား/ ကျောင်းသူများ ဗဟုသုတရရှိစေမည့် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း၊ လူကုန်ကူးမှုအန္တရာယ်အကြောင်းနှင့် လူငယ်များ စာရိတ္တမဏ္ဍိုင် ကောင်းမွန်စေရေးဆိုင်ရာ အကြောင်းအရာများနှင့်  စာဖတ်ရှိန် မြှင့်တင်ရေး အကြောင်းအရာများအား ဒေါပုံမြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချစ်စုဝေက ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ကလေးအလုပ်သမားပပျောက်ရေး၊ သွေးလွန်တုပ်ကွေးပညာပေးနှင့် မူးယစ်အန္တရာယ် အသိပညာပေးများနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအား နံရံကပ်စာစောင်များတွင် ပြသဆောင်ရွက်ပေးခဲ့ပြီး လူငယ်များ စာအုပ်စာပေနှင့် နီးစပ်မှုရှိစေရေးနှင့် စာပေကို ပိုမိုဖတ်ရှုလေ့လာစေရန်အတွက် စာအုပ်ပြပွဲကိုလည်း ဆောင်ရွက်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


ချစ်စုဝေ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)