ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်





MNP ၊  ဩဂုတ်  ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးသည် စီးပွား​ရေး၊ ပညာ​ရေး၊ ကျန်းမာ​ရေးနှင့် တည်ငြိမ်​အေးချမ်း​ရေးမှအစပြု၍ ဘက်​ပေါင်းစုံတွင်​ကောင်းမွန်သည့် အ​ခြေအ​နေအား ဆက်လက်ထိန်းသိမ်း​ ဆောင်ရွက်လျက်ရှိပါ​ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စိုက်ဧကပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး၊ ဧရာဝတီပေါ်ဆန်း မူလအရည်အသွေး ပြန်လည်ရရှိစေရး သုတေသနလုပ်ငန်းများ ပြုလုပ်၍ ဈေးကွက်အတွင်း ရောက်ရှိရေး၊ ရပ်နားထားသည့် စက်ရုံအလုပ်ရုံများ အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် နွေးစပါး၊ မိုးစပါး(၅၂)သိန်းကျော် စိုက်ပျိုးလျက်ရှိပြီး မိုးစပါး တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိအောင် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးတွင် ရေတော်မိုးတော် မိုးစပါး စိုက်ဧက၊ သဲဆန်ကုန်းချော မိုးစပါး စိုက်ဧကများ ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးပြီဖြစ်ပါကြောင်းနှင့် ရေကြီးကွင်း၊ ရေနက်ကွင်း၊ ရေကျနောက်စိုက် ကွင်းများအား မိုးရာသီအမီ ရာနှုန်းပြည့် စိုက်ပျိုးသွားကြရမှာဖြစ်ပါကြောင်း၊ ရိုးပြတ် ကျန်ဧက (၁၁)သိန်း ကျော်တွင်လည်း  နွေစပါးအပါအဝင် စိုက်ပျိုးသီးနှံများအား သီးထပ်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်နှင့် ရေငန်ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လည်းလိုပါကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေးကိုအခြေခံသည့် တိုင်း‌ဒေသကြီးဖြစ်သည်နှင့်အညီ ပန်းတိုင်အထွက်နှုန်းများ ရောက်ရှိရန် တွန်းတွန်းတိုက်တိုက် ကြပ်ကြပ်မတ်မတ်ဖြင့် သက်ဆိုင်သူများအားလုံးက ပူးပေါင်း ဆောင်ရွက်ရန်လိုပါကြောင်း၊ မွေးမြူရေးလုပ်ငန်းများအနေဖြင့် ငါး၊ ပုစွန် ဂဏန်း မွေးမြူရေး လုပ်ငန်းများတွင် ဖမ်းဆီးခြင်းနှင့် မွေးမြူခြင်း နှစ်မျိုးရှိပြီး စနစ်တကျ မွေးမြူခြင်းလုပ်ငန်းများ ပိုမိုဆောင်ရွက်ပြီး ပြည်တွင်းပြည်ပ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်ရန် လိုပါကြောင်း၊ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် တိုင်းဒေသကြီး၏ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့် ကုန်ကြမ်းများအား အခြေခံထုတ်လုပ်၍ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး ပြည်တွင်းပြည်ပ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်ရန်လည်း လိုအပ်မည် ဖြစ်ပါကြောင်း၊ ဆီဖူလုံစေရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မြေပဲ၊ နှမ်း၊ နေကြာ စသည့် ဆီထွက်သီးနှံများအား ရည်မှန်းချက်ထား အကောင်အထည်ဖော် စိုက်ပျိုးလျက်ရှိရာ နေကြာသီးနှံ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်စေရေး ဆီထွက်နှုန်း ကောင်းမွန်သည့် အထွက်တိုးနေကြာမျိုးများ အသုံးပြုစိုက်ပျိုးရန်၊ မြေနေရာရွေးချယ်ခြင်း၊ မျိုးစုဆောင်းခြင်းများ ဆောင်ရွက်ထားရှိပြီး တောင်သူများ၊ ဌာနဆိုင်ရာများ အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ပညာသင်ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်းများ အပါအဝင် ကျောင်းပေါင်း (၇၂၀၀) ကျော် ဖွင့်လှစ်ထားရှိပြီး ကျောင်းနေအရွယ်ကလေးများ ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်စေရေး၊ အတန်းစဉ်ကူးပြောင်းမှု မြင့်မားစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံး ကြပ်မတ်ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အဆင့်မီ အားကစားကွင်းများ တည်ဆောက်နိုင်ရေး၊ မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ အားကစားသိပ္ပံများ ပေါ်ထွက်လာစေရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အားကစားနည်းအလိုက် အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ သက်တမ်းအလိုက် အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်၍ အဆင့်ဆင့် ရွေးချယ်ထားသည့် လက်ရွေးစင် အားကစားသမားဖြင့် တိုင်းဒေသကြီး ဂုဏ်ဆောင်အောင်ပွဲများ ရရှိစေရေး ဆောင်ရွက်ရန် လိုပါကြောင်း၊ မြို့သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ပြည်သူလူထုအနားယူ အပန်းဖြေနိုင်ရေး ပန်းခြံများ၊ ကစားကွင်းများ ဖော်ဆောင်ရမှာ ဖြစ်ပါကြောင်း၊ အယ်နီညိုဖြစ်ပွားနိုင်မှုကို သုံးသပ်ပြီး ဆောင်းသီးနှံနှင့် နွေသီးနှံများ အောင်ရေရရှိရန် ရာသီဥတု ခန့်မှန်းတွက်ချက်မှုများဖြင့် ဆောင်ရွက်ရန်လိုပါကြောင်းနှင့် ချောင်းပိတ်၊ မြောင်းပိတ်များ ကြိုတင်စီမံဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် Gasifier ဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ငန်းများဖွံ့ဖြိုးလျက်ရှိရာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးအတွက် အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ တက္ကသိုလ်များမှ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများဖြင့် နည်းပညာပိုင်းဆိုင်ရာများ၊ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်၍ ရလဒ်ကောင်းများ ရှာဖွေဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ မြေသယံဇာတ၊ ရေသယံဇာတပေါများပြီး နည်းပညာများဖြင့် ပေါင်းစပ်ဆောင်ရွက်ကြမှာ ဖြစ်ပါကြောင်း၊ တက်ရောက်လာသူများကလည်း မိမိတို့၏ အပိုင်းအလိုက် လုပ်ငန်းများ အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်ရန် လိုပါကြောင်း” အဖွင့်အမှာစကား ပြောကြားသည်။


ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးများက ခရိုင်အလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEsလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေအားလည်းကောင်း၊ တိုင်းအဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး များက  ကွပ်ကဲမှုအောက်ရှိ ဌာနများနှင့် ပတ်သက်၍လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပြီးနောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)