မြန်မာနိုင်ငံအတွင်းရှိ MSMEs များအား စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာများ ပြန်လည်ဖြန့်ဝေရေးအစီအစဉ် စတင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံအတွင်းရှိ MSMEs များအား စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာများ ပြန်လည်ဖြန့်ဝေရေးအစီအစဉ် စတင်



MNP ၊ ဩဂုတ် ၁၆

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်း(၂၀၂၀)ဖြင့် ဆောင်ရွက်သော မြန်မာနိုင်ငံအတွင်းရှိ MSMEs များအား စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာများ ပြန်လည်ဖြန့်ဝေရေးအစီအစဉ်(၁)ကို ယမန်နေ့က နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။


 အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က အမှာစကားပြောကြားပြီး သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နည်းပညာဖြန့်ဝေပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် အခြားသက်ဆိုင်ရာဝန်ကြီးဌာနများမှ ပညာရှင် များ၊ ပြည်ထောင်စုနယ်မြေနေပြည်တော်နှင့် အထက်မြန်မာပြည် MSMEs လုပ်ငန်းများမှ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။


မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းဖြင့် မဲခေါင် - လန်ချန်းနိုင်ငံများ အချင်းချင်းဖလှယ်ထားသော နည်းပညာခြောက်မျိုးဖြစ်သည့် ချဉ်ပေါင်ဖူးဖျော်ရည်ထုတ်လုပ်ခြင်းနှင့် ချဉ်ပေါင်ဖူးမှ အခြားထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ သရက်သီး ဂျယ်လီဖျော်ရည်ထုတ်လုပ်ခြင်း၊ ပဲနို့ ထုတ်လုပ်ပြီး ကျန်သောအနှစ်များမှ ကွတ်ကီးထုတ်လုပ်ခြင်း၊ Freezed- Dried နည်းပညာဖြင့် စိုက်ပျိုးရေးထွက် တန်ဖိုးမြှင့်ထုတ်ကုန်များပြုလုပ်ခြင်း၊ Vacuum-Fried နည်းပညာဖြင့် အသီးအနှံ အခြောက်ထုတ်ကုန်များပြုလုပ်ခြင်းများကို စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး စံချိန်စံညွှန်း ပြည့်မီ၍ ကျန်းမာရေးနှင့် ညီညွတ်သော တန်ဖိုးမြှင့် စိုက်ပျိုးရေးထုတ်ကုန် အမယ်သစ်များ စနစ်တကျ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


နိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများတိုးတက်ခြင်းသည် အဓိကမောင်းနှင်အားများဖြစ်သည့်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း လုပ်ဆောင်နေသူများအား နည်းပညာများ စာတွေ့လက်တွေ့သင်ကြား ဖြန့်ဝေခြင်းကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနသည် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စိစစ်ရေးဦးစီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး နည်းပညာပြန်လည် ဖြန့်ဝေရေးအစီအစဉ် (၁) တွင် နေပြည်တော် ပြည်ထောင်စုနယ်မြေနှင့် အထက်မြန်မာပြည်မှ MSMEs လုပ်ငန်းရှင် ၁၀၀ ကို ဩဂုတ် ၁၅ ရက်နှင့် ၁၆ ရက် နှစ်ရက်တာ နည်းပညာပြန်လည်မျှဝေ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)