ပေါင်မြို့နယ်၌ဌာနဆိုင်ရာများနှင့်ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ဌာနဆိုင်ရာများနှင့်ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်






MNP ၊ ဩဂုတ် ၁၆

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ဌာနဆိုင်ရာများနှင့်ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ကျင်းပခြင်းကို ယ‌နေ့နံနက်ပိုင်းက ဝါရီရူခန်းမ၌ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင် က ယခုအစည်းအဝေးကျင်းပခြင်းသည် ဌာနဆိုင်ရာများ၏ လုပ်ငန်းလိုအပ်ချက်များ ကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံစေပြီး လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ကြဖို့ရည်ရွယ်ပါကြောင်း၊အမှာစကားပြောကြားသည်။

ထို့နောက် လုပ်ငန်းလိုအပ်ချက်များရှိသည့် ဌာနများက မိမိတို့ဆောင်ရွက်နေသည့်လုပ်ငန်းများ အချိန်မီဆောင်ရွက်‌ရာတွင် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ်သည့်အကူအညီများဆောင်ရွက်ပေးကြပါရန် ပြောကြားဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အစည်းအဝေးနှင့်ပတ်သက်၍လိုအပ်သည်များဖြည့်စွက်ပြောကြားပြီး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကာ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများက သိလိုသည်များကို မေးမြန်းဆွေးဆွေးခဲ့ကြောင်းသိရသည်။

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)